EPL: အာစင်ဝင်းဂါးကို အာဏာရှင်မူဂါဘီဟု စွပ်စွဲမှု ပရိသတ်များအကြား ခေတ်စား

အာဆင်နယ်ရဲ့ မူဂါဘီလို့ ပြောနေကြပါတယ်။

ပရိသတ်တွေ ဆန္ဒကို လျစ်လျူရှုထားတဲ့ နည်းပြအာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းအတွက် အာဏာရှင် မူဂါဘီလိုဆိုတဲ့ စကားဟာ ရေပန်းစားလျှက်ရှိပါတယ်။

 

အာစင်ဝင်းဂါးကို လုံးဝသည်းမခံနိုင်တော့တဲ့ အသင်းအမာခံပရိသတ်တစ်ဦးက အာစင်ဝင်းဂါးကို ဒီလိုေုဝဖန်ထားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာဖြစ်ပါတယ်။ နည်းအပြအာစင်ဝင်းဂါးဟ အာဏာရှင် ဇင်ဘာဘွေ သမ္မတဟောင်း မူဂါဘီနဲ့ အတော်တူတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ အဆိုပါ အာစင်နယ် ပရိသတ်က ပြောပါတယ်။ အမည်မသိရတဲ့ အဆိုပါပရိသတ်ရဲ့ စကားဟာ လူမှုကွန်ယက်မှာ နှစ်ခြိုက်သူများလာပြီး ပြန်လည်ဝေမျှသူတွေရှိခဲ့ပါတယ်။

play

 

အာစင်ဝင်းဂါးရဲ့ လုပ်ပုံကိုင်ပုံတွေဟာ အာဆင်နယ်အသင်းကို ဖျက်ဆီးပစ်နေတာနဲ့ အတူတူပဲလို့ အဆိုပါပရိသတ်က ဝေဖန်ပါတယ်။ " ကျွန်တော်ဇင်ဘာဘွေမှာလည်း နေဖူးတယ်။ အဲဒီမှာ အာဏာရှင်မူဂါဘီက တိုင်းပြည်ကိုဘယ်လောက်ဖျက်ဆီးနေခဲ့သလဲဆိုတာ ကျွန်တော်တွေ့ခဲ့ရတယ်။ အာစင်ဝင်းဂါးလည်း မူဂါဘီအတိုင်းပဲ။ သူဟာ အာဆင်နယ်ရဲ့မူဂါဘီပါပဲ" လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

ဘိုင်ယန်မြူးနစ်အသင်းကို အာဆင်နယ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ၅-၁ ဂိုးနဲ့ ရှုံးပြီးနောက်ပိုင်းကတည်းက ပရိသတ်တွေဟာ အာဆင်နယ်အသင်းမှာ အာစင်ဝင်းဂါး ဆက်မနေဖို့ ဆန္ဒပြနေကြတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကိုလည်း ဒီနည်းပြကို နောက်ထပ်စာချုပ်ထပ်မတိုးဖို့ တောင်းဆိုဆန္ဒပြကြတယ်လို့ သိရပါတယ်။

play

 

အာဏာရှင်မူဂါဘီဟာ ဇင်ဘာဘွေနိုင်ငံမှာ ၃၆ နှစ်ကြာ အာဏာအမျိုးမျိုးရထားတဲ့သူ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ