EPL: ဒီဂီယာကို ခေါ်မည်ဆိုလျှင် ရီးရဲလ်မက်ဒရစ်ကစားသမားကို မန်ယူပြန်ခေါ်မည်

မန်ယူက ရီးရဲလ်ကစားသမားတစ်ဦးကိုပြန်ခေါ်ခွင့်ပေးရမယ့်လို့ တောင်းဆိုထားပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဘက်က ဂိုးသမားဒီဂီယာကိုခေါ်ယူချင်တယ်ဆိုရင်ကစားသမားတစ်ဦး အလိုက်ပေးဖို့ ခေါ်ယူရမှာ ဖြစ်ကြောင်း မန်ယူအသင်းဘက်က တောင်းဆိုထားတယ်လို့ သိရပါတယ်။

play

 

ဒီဂီယာကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းဘက်က ပြန်လည်ကြိုးစားနေတာဖြစ်ပြီး အပြန်အလှန်အနေနဲ့ မန်ယူအသင်းကရီးရဲလ်မက်ဒရစ်အသင်း နောက်ခံလူ ကက်ရှ်မီယိုကိုခေါ်ယူခွင့်ပေးရမယ်လို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းကစားသမား ကက်ရှ်မီယိုဟာ  နည်းပြမော်ရင်ဟိုအကြိုက် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒီဂီယာကို ရီးရဲလ်မက်ဒရစ်အသင်းခေါ်ယူဖို့ နှစ်ဖက်အသင်းနဲ့ ကစားသမားအကြား ပြီးခဲ့တဲ့ နွေရာသီက သဘောတူညီမှု ရခဲ့ပေမယ့်  မန်ယူအသင်းက စာရွက်စာတမ်းကိစ္စ အချိန်ဆွဲခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ မအောင်မြင်ခဲ့ဘူးလို့ ရီးရဲလ်မက်ဒရစ်က ဝေဖန်ထားပါတယ်။မန်ယူအသင်းက ဒီဂီယာကိုအဲဒီနောက်ပိုင်းစာချုပ်သစ်ထပ်ချုပ်ကာ အသင်းမှာဆက်နေစေခဲ့ပါတယ်။

play

 

ုရီးရဲလ်မက်ဒရစ်အသင်းဘက်က ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ မန်ယူအသင်းဂိုးသမား ဒီဂီယာနဲ့ ချယ်လ်ဆီးအသင်း ဂိုးသမား ကော့တွစ်တို့နှစ်ဦးထဲက တစ်ဦးကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ စပိန်ကစားသမား ဒီဂီယာကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်အသင်းကို လိုလိုလားလား ပြောင်းချင်နေခဲ့တာဖြစ်ပေမယ့် မန်ယူအသင်းက မရောင်းချချင်ခဲ့လို့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာပါ။

play

 

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းလက်အောက်မှာ ကွင်းလယ်ခံစစ်ကစားသမား ကက်ရှ်မီယိုဟာ အဓိကကစားသမားတစ်ဦးဖြစ်နေတာကြောင့် ရီးရဲလ်မက်ဒရစ်အတွက် ဆုံးဖြတ်ရခက်တဲ့ အပြောင်းအရွှေ့တစ်ခုလည်း ဖြစ်နေပါတယ်။ ဒီဂီယာကိုလက်လွှတ်ရမယ်ဆိုရင်တော့ မန်ယူအသင်းဟာ နောက်ထပ်ထပ်သီးဂိုးသမားတစ်ဦး ရှာဖွေရမှာဖြစ်ပါတယ်။

 

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ