EPL: တိုက်စစ်မှူးလူကာကူ၏ အေးဂျင့် မန်ယူအသင်းဥက္ကဌနှင့် လာရောက်ဆွေးနွေး

အေးဂျင့်ရေးအိုလာက မန်ချက်စတာမြို့ကိုရောက်လာခဲ့ပါတယ်။

အဲဗာတန်အသင်းက ထွက်ခွာတော့မယ် တိုက်စစ်မှူး လူကာကူကို မန်ယူအသင်း ခေါ်ယူဖို့ အလွန်နီးစပ်နေပြီိလို့ သိရပါတယ်။

play

 

အဲဗာတန်အသင်းနဲ့ စာချုပ်ထပ်မတိုးတော့မယ့် တိုက်စစ်မှူး လူကာကူဟာ ရာသီအကုန်မှာ အသင်းကထွက်ခွာဖို့ ပြင်ဆင်ထားသူဖြစ်ပါတယ်။ အဲဗာတန်အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို လူကာကူငြင်းလိုက်တယ်လို့ ဆိုပြီးနောက်တစ်ရက်မှာပဲ အဆိုပါတိုက်စစ်မှူး လူကာကူရဲ့ အေးဂျင့်ဖြစ်သူဟာ မန်ချက်စတာယူနိုက်တက်အသင်း ဟိုတယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အေးဂျင့်ရေးအိုလာဟာ မန်ယူအသင်းနေထိုင်ရာ ဟိုတယ်ဖြစ်တဲ့ Lowry ဟိုတယ်က ထွက်လာတာ တွေ့ခဲ့ရကြောင်း မီဒီယာတွေက ဓာတ်ပုံနဲ့တကွ ဖော်ပြကြတာပါ။

play

 

ရေးအိုလာဟာဟိုတယ်က ထွက်လာပြီးတဲ့နောက် မန်ယူအသင်းဒုဥက္ကဌဝုဒ်ဝက်လည်း မရှေးမနှောင်းခင်မှာ အဆိုပါဟိုတယ်အတွင်းကထွက်လာခဲ့တာဖြစ်ပါတယ်။ ရေးအိုလာတာဝန်ယူထားတဲ့ ထိပ်သီးကစားသမားများစွာရှိလို့ ဘယ်ကစားသမားအကြောင်းဆွေးနွေးခဲ့လဲဆိုတာမသိရသေးပေမယ့် ဗြိတိန်မီဒီယာတွေကတော့ လူကာကူအတွက် မန်ယူအသင်း ဆွေးနွေးနေပြီိလို့ အခိုင်အမာ ရေးသားဖော်ပြကြပါတယ်။

play
play

 

အဲဗာတန်အသင်းဟာ ဥရောပချန်ပီယံလိဂ်အပါအဝင် ဥရောပပြိုင်ပွဲတွေ ဝင်ခွင့်ရအောင် မစွမ်းဆောင်နိုင်လို့ လူကာကူဟာ ဥရောပဝင်ခွင့်ရတဲ့အသင်းကြီးတွေကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။ အဲဗာတန်တိုက်စစ်မှူး လူကာကူဟာ ယခင်က ချယ်လ်ဆီးအသင်းကဖြစ်ပြီး အခုလူကာကူ အသင်းပြောင်းဖို့ ပြင်နေတဲ့အတွက်ချယ်လ်ဆီးကလည်း ပြန်လည်ကမ်းလှမ်းဖို့ ကြိုးစားနေပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ အဲဗာတန်အသင်းက လူကာကူကို ပေါင် ၂၈ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။

 

စာချုပ်သစ်ထပ်မချုပ်ဖို့ လူကာကူ ဆုံးဖြတ်လိုက်တာဟာ အဲဗာတန်အသင်းအတွက်တော့ ထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာ လူကာကူရဲ့သွင်းဂိုးက အသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ဂိုးရှိသွားပြီဖြစ်ပါတယ်။ ၁၉၈၅-၈၆ ဘောလုံးရာသီမှာ အဲဗာတန်ကစားသမား ဂယ်ရီလိုင်နီကာက တစ်ရာသီတည်း ၂၅ ဂိုးပြည့်အောင်သွင်းနိုင်ခဲ့သူ ဖြစ်ခဲ့ပြီး သူ့နောက်ပိုင်းမှာ အဲဗာတန်အတွက် တစ်ရာသီတည်း ၂၅ ဂိုးပြည့်အောင် သွင်းနိုင်ခဲ့သူ မရှိခဲ့ပါဘူး။ အခုတော့ လူကာကူက ဒီစံချိန်ကို ချိုးလိုက်ပြီဖြစ်ပါတယ်။

 

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ