EPL: ယနေ့ခေတ် လူငယ်ဘောလုံးသမားတွေအပေါ် မကျေမနပ်ဖြစ်နေတဲ့ မော်ရင်ဟို

ယနေ့ခေတ်ဘောလုံးသမားတွေရဲ့ စရိုက်ကို မနှစ်သက်ဖြစ်နေတာပါ။

ယနေ့ခေတ်ဘောလုံးသမားတွေဟာ အရင်ခေတ်ဘောလုံးသမားတွေလို မတည်ငြိမ်ကြပဲ ဆိုးပေတဲ့သူတွေ များနေပြီလို့ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ဝေဖန်လိုက်ပါတယ်။

 

ချယ်လ်ဆီးအသင်း ဂန္တဝင်ကစားသမားဟောင်းဖြစ်တဲ့ လမ်းပတ်တို့လို တည်ငြိမ်စွာ ဘောလုံးသမားဘဝကို ဖြတ်သန်းကြသူတွေမဟုတ်ပဲ ဆိုးပေဖို့သာ စဉ်းစားနေကြတဲ့ လမ်းသရဲဘောလုံးသမားတွေများတယ်လို့ မော်ရင်ဟိုက ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ယနေ့ခေတ်လူငယ်ဘောလုံးသမားတွေရဲ့ အမူအကျင့်နဲ့ ဓလေ့စရိုက်တွေကို မိမိအပါအဝင် နည်းပြအားလုံး အခြေအနေနဲ့လိုက်ဖက်ညီအောင် နေထိုင်နေရတယ်လို့ မော်ရင်ဟိုက ညည်းတွားပါတယ်။

play

 

လမ်းပတ်တို့ခေတ်က ဘောလုံးသမားတွေဟာ အသက် ၂၃ နှစ်လောက်အရွယ်ဆိုရင် လူကြီးတစ်ယောက်လို ပြုမူနေထိုင်နေကြဖြစ်ပြီး အလုပ်ကြိုးစားဖို့နဲ့ ပရောဖက်ရှင်နယ်ပီသဖို့ အမြဲစဉ်းစားနေတတ်သူတွေလို့ မော်ရင်ဟိုက ချီးကျူးပါတယ်။ ယနေ့ခေတ်ဘောလုံးသမားတွေကတော့ ဒီအရွယ်မှာ လူကြီးတစ်ယောက်ဖြစ်မလာပဲ ချာတိတ်အတွေးအခေါ်မျိုးနဲ့ ဆိုးပေပေ ကောင်လေးတွေဖြစ်နေဆဲလို့ မော်ရင်ဟိုက သုံးသပ်ပါတယ်။ ပြောင်းလဲ ခြားနားသွားတဲ့ ဘောလုံးသမားမျိုးဆက်ရဲ့ အမူအကျင့်တွေကို ကျင့်သားရအောင်မိမိတို့ နည်းပြတွေကြိုးစားနေရတယ်လို့ ပြင်သစ်မီဒီယာတစ်ခုနဲ့ဆုံစဉ် မော်ရင်ဟိုက ဒီလိုပြောခဲ့တာဖြစ်ပါတယ်။

play

 

" လမ်းပတ်တို့ဆို အသက် ၂၃ နှစ်လောက်မှာ လူကြီးတစ်ယောက်ဖြစ်နေပြီ။ အလုပ်ဘယ်လိုအောင်မြင်အောင်လုပ်ရမလဲ၊ ပရော်ဖက်ရှင်နယ်ဘယ်လိုပီသရမလဲဆိုတာ တွေးနေကြပြီ။ ဒီနေ့ခတ် ၂၃ နှစ်ကတော့ ကလေးတွေပဲ ရှိကြသေးတယ်။ ဒီနေ့ခေတ်ဘောလုံးသမားတွေကို ဒီအရွယ်မှာ ချာတိတ်တွေလို့ပဲ ကျွန်တော်ခေါ်တယ်။ သူတို့က လူကြီးမဖြစ်ကြသေးဘူး။ ကျွန်တော်တို့လည်း ဒါကို ကျင့်သားရအောင် ကြိုးစားနေရပါတယ်" လို့ မော်ရင်ဟိုက ဝေဖန်ခဲ့တာဖြစ်ပါတယ်။

play

 

လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းကဆိုရင် ဘောလုံးသမားတွေဟာ အသင်းအဝတ်လဲခန်းအတွင်းမှာ မိုဘိုင်းဖုန်းမသုံးကြဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။ ဒီနေ့ခေတ် ဘောလုံးသမားတွေ အဝတ်လဲခန်းထဲမှာ ဖုန်းပဲပွတ်နေကြပေမယ့် ဒါကို လက်ခံပေးဖို့အပြင် ရွေးစရာလမ်းမရှိဘူးလို့ မော်ရင်ဟိုက ဆိုပါတယ်။ " ဒီအခြေအနေနဲ့ ခရီးဆက်ရမှာပဲ။ ဒါကို ကျွန်တော်ဆန့်ကျင်ရင် အဆင်မပြေမှုတွေဖြစ်မယ်။ နောက်ပြီး  ကိုယ်က ကျောက်ခေတ်မှာကျန်ခဲ့သလို ဖြစ်တော့မယ်" လို့ မော်ရင်ဟိုက ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ