EPL: မန်ယူက စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းခဲ့သည့် မိုနာကိုတိုက်စစ်မှူး

အသင်းကြီးတွေအားလုံး လိုချင်နေတဲ့ ကစားသမားဖြစ်ပါတယ်။

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၉၅ သန်းနဲ့ မန်ယူအသင်းက မိုနာကိုအသင်းကစားသမားကို ကမ်းလှမ်းလိုက်ပေမယ့် ပယ်ချခံလိုက်ရပါတယ်။

 

ပေါ့ဂ်ဘာရဲ့ ပြောင်းရွှေ့ကြေးထက်များပြားတဲ့ ငွေကြေးနဲ့ ကမ်းလှမ်းလိုက်တာဖြစ်ပေမယ့် မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို မိုနာကိုဘက်က ပယ်ချလိုက်တာဖြစ်ကြောင်းသိရပါတယ်။ အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုနာကိုအသင်း တိုက်စစ်မှူး အမ်ဘက်ပေးကို ဥရောပအသင်းကြီးအတော်များများ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ပြင်သစ်ကစားသမားတစ်ဦးဖြစ်ပြီး အာဆင်နယ်ဂန္တဝင်ကစားသမားဖြစ်တဲ့ အွန်နရီလက်သစ်လို့ တင်စားနေကြတာပါ။

play

 

အမ်ဘက်ပေးအတွက် မန်ယူအသင်းက ပေါင် ၉၅ သန်းနဲ့ ကမ်းလှမ်းလိုက်ပေမယ့် မိုနာကိုအသင်းဘက်က ပယ်ချလိုက်တာဖြစ်ကြောင်း အင်္ဂလန်ကလာတဲ့သတင်းတွေအရသိရပါတယ်။ အမ်ဘက်ပေးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထွန်းတောက်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ၁၆ သင်းအဆင့်မှာ မန်စီးတီးဘက်ကို ဂိုးသွင်းခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အခုမိုနာကိုအသင်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ရောက်သွားခဲ့ပါပြီ။

play

 

အမ်ဘက်ပေးက အသက် ၁၈ နှစ်အရွယ်နဲ့ ဒီနှစ်ပြင်သစ်အမှတ်ပေးဘောလုံးရာသီမှာ ၁၇ ဂိုးသွင်းယူထားသူဖြစ်ပါတယ်။ လီဂူးပြိုင်ပွဲမှာ ၁၃ ဂိုးကို အသက်အငယ်ဆုံးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာပြီး အာဆင်နယ်ကစားသမားဟောင်း အွန်နရီရဲ့ စံချိန်ကိုချိုးထားသူလည်းဖြစ်ပါတယ်။ အမ်ဘက်ပေးရဲ့ စံပြဘောလုံးသမားက ရော်နယ်ဒိုဖြစ်ပြီး သူ့ရဲအိပ်မက်ကလည်း ရီးရဲလ်မက်ဒရစ်အသင်းမှာကစားချင်တာလို့ ကစားသမားကိုယ်တိုင်ထုတ်ပြောထားဖူးပါတယ်။

play

 

မန်ယူအသင်းဘက်က ဒီထက်ပိုများတဲ့ ပြောင်းရွှေ့ကြေးနဲ့ နောက်ထပ်ကမ်းလှမ်းဦးမယ်လို့ မျှော်လင့်ရပြီး အခြားအသင်းတွေထက်လက်ဦးမှု ရယူချင်နေတာဖြစ်ပါတယ်။ အမ်ဘက်ပေးကိုမန်စီးတီး၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်အပြင် အာဆင်နယ်အသင်းကပါ စိတ်ဝင်စားလျှက်ရှိပါတယ်။ အမ်ဘက်ပေးကို ပိုင်ဆိုင်သွားတဲ့ အသင်းက နောက်ထပ် ဆယ်စုနှစ်တစ်ခုလောက်အထိ တိုက်စစ်ပြဿနာ ဖြေရှင်းပြီးသားဖြစ်သွားမယ်လို့ အသင်းတွေကယူဆနေကြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ