EPL: အာဆင်နယ်အသင်းကို ပရိသတ်များက ပြန်ဝယ်ရန် စီစဉ်နေ

အသင်းပိုင်ရှင်ကိုမကျေနပ်လို့ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း အာဏာပိုင်တွေကို မကျေနပ်တဲ့အတွက် အသင်းပရိသတ်တွေ ရန်ပုံငွေစုဆောင်းပြီး အသင်းကို ပြန်ဝယ်ဖို့ စီစဉ်နေကြောင်းသိရပါတယ်။

play

 

ပရိသတ်အများစု ဆန္ဒပြနေတဲ့ နည်းပြအာစင်ဝင်းဂါးကို အသင်းမှာဆက်ထားဖို့ ပြင်ဆင်နေတဲ့အပြင် အသင်းရဲ့ ကစးသမားအပြောင်းအရွှေ့ ပေါ်လစီကို ကျပ်တည်းစွာ အသင်းပိုင်ရှင်တွေက်ချုပ်ကိုင်ထားတာဖြစ်ပါတယ်။ အသင်းပိုင်ရှင် ဖြစ်တဲ့ ခရိုအန်ကီးရဲ့လုပ်ရပ်တွေကို သည်းမခံနိုင်ဖြစ်လာတဲ့ ပရိသတ်တွေဦးဆောင်ဟာ ရန်ပုံငွေတစ်ရပ်စုဆောင်းပြီး အသင်းရဲ့ရှယ်ယာတွေကို ဝယ်ယူဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။

 

နာမည်ကျော်အင်တာနက်ဖိုရမ်ဖြစ်တဲ့ Reddit မှာဒီအကြောင်းဆွေးနွေးနေကြတာဖြစ်ပြီး ကမ္ဘာတစ်လွှားက အာဆင်နယ်ပရိသတ်တွေစုပေါင်းကာ ရန်ပုံငွေတစ်ရပ်တည်ထောင်ပြီးအသင်းကိုပြန်ဝယ်ကြမှာဖြစ်ပါတယ်။ လတ်တလောမှာ အာဆင်နယ်အသင်းပရိသတ်တွေ မပျော်ရွှင်နိုင်ဖြစ်ရတဲ့အကြောင်းရင်းတွေဟာ များပြားလျှက်ရှိပါတယ်။ ကစားသမားဝယ်ယူတဲ့အခါငွေကြေးခြိုးခြံလွန်းမှု၊ အသင်းပိုင်းရှင်ဖြစ်တဲ့ ခရိုအန်ကီးက ဖလားအောင်မြင်မှုထက်ငွေကြေးအကျိုးအမြတ်ကိုသာ ကြည့်လွန်းမှု၊ နည်းပြအာစင်ဝင်းဂါးကို ဖိအားမပေးတဲ့အမှု၊ ဆန်းချက်ဇ်၊ အိုဇေးလ်တို့လို ကစားသမားတွေကို ဆက်ထိန်းဖို့ မကြိုးစားမှု စတဲ့အကြောင်းရင်းတွေကြောင့် အာဆင်နယ်ပရိသတ်တွေ ဒေါသထွက်နေကြတာဖြစ်နိုင်ပါတယ်။

play

 

အဆိုပါဖိုရမ်မှာ ဆွေးနွေးထားမှုအရ ကမ္ဘာတစ်လွှားမှာ အာဆင်နယ်အသင်း အမာခံပရိသတ်တွေ ၂၇ သန်းရှိတယ်လို့ သိရပါတယ်။ ပရိသတ်တစ်ဦးက စတာလင်ပေါင် တစ်ထောင်ထည့်ဝင်မယ်ဆိုရင် ပရိသတ်တစ်သန်းပြည့်တာနဲ့ စတာလင်ပေါင် တစ်ဘီလျံရရှိမှာဖြစ်ပါတယ်။ စတာလင်ပေါင် တစ်ထောင်ဆိုတာ အာဆင်နယ်အသင်း တစ်ရာသီစာ လက်မှတ်ဈေးနှုန်းထက်နည်းပါးတဲ့ငွေကြေးဖြစ်တယ်လို့ lifeshard92 ဆိုတဲ့အကောင့်ပိုင်ရှင်က ထောက်ပြထားပါတယ်။ အာဆင်နယ်အသင်းလက်ရှိတန်ကြေးဟာ ပေါင်သန်း ကိုးရာကျော်ရှိတယ်လို့ သိရပါတယ်။

play

 

စတာလင်ပေါင် တစ်ဘီလျံ ရန်ပုံငွေရရှိပြီဆိုရင်အသင်းကို အမေရိကန်အားကစားစီးပွားရေးလုပ်ငန်းရှင် ခရိုအန်ကီးထံကနေ ဝယ်ယူနိုင်မှာဖြစ်ကြောင်း သူက ထောက်ပြထားပါတယ်။ ကျန်တဲ့အပိုငွေတွေနဲ့ ကစားသမားအပြောင်းအရွှေ့တွေကိုလည်း ပရိသတ်တွေအစီအစဉ်နဲ့ စီမံနိုင်မှာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ