EPL: ဘာစီလိုနာ ခေါ်ယူရန်ဆွေးနွေးနေသည့် လက်စတာကစားသမား

ဘာစီလိုနာက ပေါင် ၃၅ သန်းလောက်သုံးစွဲဖွယ်ရှိပါတယ်။

လက်စတာအသင်း ကွင်းလယ်ကစားသမား မာရက်ဇ်ကို ဘာစီလိုနာက ခေါ်ဖို့ ပြင်နေပြီဖြစ်ကြောင်း သတင်းတွေ ထွက်လာခဲ့ပါတယ်။

 

လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရာမှာ အဓိကကျခဲ့တဲ့ မာရက်ဇ်ဟာ ဥရောပအသင်းကြီးအများစုရဲ့ စိတ်ဝင်စားမှုကိုခံနေရတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက အသင်းကွင်းလယ်ကစားသမားဖြစ်တဲ့ အင်နီယေစတာ နေရာမှာ အစားထိုးဖို့အတွက် မာရက်ဇ်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ စပိန်သတင်းစာ Sport ရဲ့ဖော်ပြချက်အရ မာရက်ဇ်နဲ့ ဘာစီလိုနာအသင်းအကြား အပြောင်းအရွှေ့ ဆွေးနွေးမှု စတင်နေပြီလို့ သိရပါတယ်။

play

 

ဘာစီလိုနာအသင်းဘက်က မာရက်ဇ်ကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းလောက်သုံးစွဲရဖွယ်ရှိပါတယ်။ တစ်ဖက်မှာလည်း ဘာစီလိုနာအသင်းက နောက်ရာသီသစ်မှာကိုင်တွယ်မယ့် နည်းပြသစ်ကိုရှာဖွေနေရတာဖြစ်ပြီး လက်ရှိနည်းပြအင်းနရစ်က ရာသီအကုန်မှာ အနားယူဦးမှာဖြစ်ပါတယ်။ ဒါပေမယ့်မာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ဘာစီလိုနာကသာ ဦးစားပေးအဆင့်ရှိတာမဟုတ်ပဲ ရီးရဲလ်မက်ဒရစ်အသင်းလည်းပါဝင်နေပါတယ်။

play

 

ရီးရဲလ်မက်ဒရဏ်အသင်းဟာ လက်ရှိမှာ အသင်းကွင်းလယ်ကစားသမားအစ္စကိုနဲ့အဆင်မပြေဖြစ်နေပြီး အဲဒီနေရာအတွက် ကွင်းလယ်ကစားသမားတစ်ဦးရှာဖွေနေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဘက်ကတော့ မာရက်ဇ်အပြင် ပီအက်စ်ဂျီကစးသမား ဗာရက်တီနဲ့ အသလက်တီကိုကစားသမား ဂရိဇ်မန်းကိုလည်းစောင့်ကြည့်လျှက်ရှိပါတယ်။

ှSource : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ