EPL: နွေရာသီပစ်မှတ် ဂရိဇ်မန်း မန်ယူကိုရောက်ရန် အလွန်နီးစပ်နေပြီ

မန်ယူအသင်းရဲ့ ဒီနှစ်အတွက် အဓိက ပစ်မှတ်ဖြစ်ပါတယ်။

အသလက်တီကိုအသင်း ကြယ်ပွင့်ကစားသမား ဂရိဇ်မန်းဟာ မန်ယူအသင်းကိုရောက်လာဖို့ သိပ်မလိုတော့ဘူးလို့ ယနေ့သတင်းတွေက ဖော်ပြလိုက်ပါတယ်။

 

မန်ယူအသင်း ပေါင် ၈၆ သန်းလောက်ကုန်ကျနိုင်တဲ့ ပြင်သစ်လက်ရွေးစင် ဂရိဇ်မန်းနဲ့ နှစ်ဖက်အသင်းအကြား ဆွေးနွေးမှုဟာ သဘောတူညီမှုရဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။ ဂရိဇ်မန်းအတွက် မန်ယူအသင်းဘက်က ကမ်းလှမ်းမှုကို အသလက်တီကိုအသင်းဘက်ကလည်း ထပ်မံဟန့်တားနိုင်စွမ်းမရှိတော့ဘူးလို့ ဗြိတိန်ကလာတဲ့သတင်းတွေထဲ သုံးသပ်ထားပါတယ်။ မကြာသေးခင်ရက်ပိုင်းအတွင်းကတင် ဂရိဇ်မန်းကို အသလက်တီကိုအသင်းဟန့်တားဖို့ ပါဝါမရှိသလို အသင်းကနေ အချိန်မရွေး ထွက်ခွာသွားနိုင်တယ်လို့ နည်းပြ ဆီမြွန်နီက ပြောကြားထားပါသေးတယ်။

play

 

မန်ယူအသင်းခေါင်းဆောင်​ဝိန်းရွန်နေး ထွက်ခွာဖို့ များနေတဲ့အတွက်  ဂရိဇ်မန်းလို ပရိသတ်စိတ်ဝင်စားမှုရှိတဲ့ ကစားသမားမျိုးကို မန်ယူအသင်းဘက်က ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ မန်ယူအသင်းဘက်က ကစားသမားအပြောင်းအရွှေ့အတွက်  လုပ်ရိုးလုပ်စဉ် အတိုင်းလုပ်ဆောင်နေပြီတာဖြစ်ပြီး သဘောတူညီမှုရဖို့အခြေအနေဟာ အတော်များနေပြီလို့ Daily Mirror သတင်းစာက ဖော်ပြပါတယ်။

play

 

မန်ယူအသင်းဘက်မှာ နောက်ထပ် ဒုတိယ ဦးစားပေးကစားသမား လူကာကူကိုလည်း စောင့်ကြည့်လျှက်ရှိပါတယ်။ ဂရိဇ်မန်းအပြောင်းအရွှေ့အဆင်မပြေမှသာ မန်ယူအသင်းဘက်က လူကာကူကို ခေါ်ယူဖို့ စဉ်းစားမှာဖြစ်ပါတယ်။ လာမယ့်ရာသီမှာ မန်ယူအသင်းက အမှတ်ပေးချန်ပီယံဖလား ပြန်လည်ရယူနိုင်ဖို့အတွက် အသင်းဒုဥက္ကဌဝုဒ်ဝက်က ကြယ်ပွင့်ကစားသမားတွေကိုခေါ်ယူနေတာဖြစ်ပြီး ဈေးကွက်ဆိုင်ရာမှာလည်း ဒီလိုကစားသမားတွေ ခေါ်ယူခြင်းအားဖြင့် အမြတ်အစွန်းရဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ