EPL: ဘောလုံးသမားဘဝ အဆုံးသတ်သွားနိုင်တဲ့ ဒဏ်ရာမျိုး ရသွားတဲ့ အဲဗာတန်နောက်ခံလူ ကိုးလ်မန်း

ဒီရာသီမှာတော့ ဘောလုံးမကစားနိုင်တော့ဖို့ သေချာသွားပါပြီ။

အိုင်ယာလန်နဲ့ ဝေးလ်အသင်းတို့ရဲ့ ကမ္ဘာ့လားခြေစစ်ပွဲမှာ ရခဲ့တဲ့ ကြောက်မက်ဖွယ်ဒဏ်ရာဆိုးကြောင့် နောက်ခံကစားသမား ကိုးလ်မန်းဟာ တစ်ရာသီလုံးအနားယူရတော့မှာဖြစ်ပါတယ်။

play

 

အဲဗာတန်အသင်းနောက်ခံလူလည်းဖြစ်တဲ့ကိုးလ်မန်းဟာ အိုင်ယာလန်အသင်းအတွက်ပွဲထွက်ကစားပေးခဲ့သူဖြစ်ပြီး ပြိုင်ဘက် ဝေးလ်အသင်းကစားသမားရဲ့ကြမ်းတမ်းစွာဖျက်ထုတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ကြမ်းတမ်းစွာ ဖျက်ထုတ်မှုကို ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ကိုးလ်မန်းရဲ့ ဒဏ်ရာဟာ တော်တော်နဲ့ ပြန်သက်သာဖို့မလွယ်ပဲ လက်ရှိဘောလုံးရာသီအကုန်ထိ အနားယူရဖို့ သေချာသွားပြီဖြစ်ပါတယ်။

မူးယစ်ရာဇဝတ်ဂိုဏ်းတွေရဲ့ အသုံးချခံ ဖြစ်ခဲ့ရတဲ့ မက်ဆီ

play

 

အိုင်ယာလန်အသင်းနည်းပြ အိုနေးလ်ကတော့ ဒီဖြစ်ရပ်ကိုဝေဖန်ခဲ့ပြီး ကိုးလ်မန်းအနားယူရမယ့်အပေါ် မကျေမနပ် ပြောကြားခဲ့ပါတယ်။ ဖျက်ထုတ်ခံလိုက်ရပြီးတဲ့နောက် မြက်ခင်းပြင်ပေါ်ချက်ခြင်းလဲကျသွားတဲ့ ကိုးလ်မန်းကို ဆေးကုသရေးအဖွဲ့တွေက အောက်ဆီဂျင်ပေးကာ ကွင်းထဲက ခေါ်ထုတ်သွားခဲ့ရပါတယ်။ ကိုးလ်မန်းအပေါ် ကြမ်းတမ်းစွာ ကစားခဲ့တဲ့ ပြိုင်ဘက်ကစားသမား တေလာကိုလည်း ကွင်းလယ်ဒိုင်က အနီကတ်ပြပြီး ကွင်းထဲက ထုတ်လိုက်ပါတယ်။ ဖျက်ထုတ်မှုဟာအတော်ဆိုးရွားခဲ့ပြီး ဓာတ်ပုံမှတ်တမ်းတွေအရ ကိုးလ်မန်းရဲ့ ညိုသကျည်းဟာ ကောက်သွားခဲ့တာတွေ့ ခဲ့ရပါတယ်။

play

 

ဝေလ်းနဲ့ အိုင်ယာလန်ပွဲစဉ်ကတော့ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ဒီနှစ်းသင်းက ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု D  အတွင်းကျရောက်နေတာဖြစ်ပြီး ပွဲစဉ် ၅ ပွဲစီ ကစားပြီးချိန်မှာ အိုင်ယာန်လန်က အဆင့်-၂ နေရာရပ်တည်လျှက်ရှိပါတယ်။ ဝေးလ်ကတော့ အဆင့်-၃ နေရာရထားပြီး အိုင်ယာလန်နဲ့ လေးမှတ်ကွာနေပါတယ်။ နှစ်သင်းသာ ခြေစစ်ပွဲအောင်မှာဖြစ်လို့ လက်ကျန်ပွဲတွေမှာ အသင်းအားလုံး ရုန်းကန်ရဦးမှာပါ။

 

Source  : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ