AD
AD
AD

အာဆင်နယ်အသင်းအထက်မှာ ရပ်တည်ပြီး ရာသီသိမ်းနိုင်တာ ကောင်းပေမယ့် ချယ်လ်ဆီးကို ကျော်ဖြတ်ပြီး ချန်ပီယံ ဖြစ်ရေးကသာ အဓိက ပစ်မှတ်ဖြစ်တယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ပြောပါတယ်။

 

စပါးအသင်းက မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီးနောက် အာစင်ဝင်းဂါးလက်ထက်ပထမဆုံးအကြိမ် အာဆင်နယ်အသင်းအထက်မှာ ရာသီသိမ်းဖို့ အခွင့်အရေးများသွားခဲ့ပါပြီ။ တစ်ဖက်မှာလည်း အမှတ်ပေးဇယားထိပ်ဆုံးက ချယ်လ်ဆီးနဲ့ လေးမှတ်ကွာဟနေသေးတဲ့အတွက် စပါးအသင်းမှာ ချန်ပီယံဖြစ်ဖို့အခွင့်အရေး ရှိနေပါသေးတယ်။ စပါးက အာဆင်နယ်ကို အနိုင်ရခဲ့သလို ချယ်လ်ဆီးကလည်း အဲဗာတန်အသင်းကို အနိုင်ရလိုက်တာကြောင့် အမှတ်ပေးဇယားမှာ ဆက်ပြီး အမှတ်ဖြတ်ထားနိုင်နေဆဲ ဖြစ်ပါတယ်။

play

 

လက်ကျန်လေးပွဲ ကစားဖို့ ကျန်ရှိနေသးချိန်မှာ ချယ်လ်ဆီးဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး မိမိတို့အသင်း အမှတ်ကွာဟမှုကို လျှော့ချနိုင်မလားဆိုတာလည်း စောင့်ကြည့်ပေးကြဖို့ စပါးနည်းပြ ပိုချက်တီနိုက ပြောပါတယ်။ အမှတ်ပေးဖလားအတွက် အဆုံးအဖြတ်ပွဲတွေဖြစ်လာချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ တစ်ချိန်တည်း ကစားပဲ အချိန်ခွဲပြီး ကျင်းပတဲ့အပေါ်ကိုလည်း စပါးနည်းပြ ပိုချက်တီနိုက ဝေဖန်ပါတယ်။ " စပိန်တို့ အီတလီတို့မှာ ဆိုရင်တော့ အဆုံးအဖြတ်ပွဲစဉ်တွေဖြစ်လာတဲ့အခါ တစ်ချိန်တည်းကျင်းပကြတယ်။ ချယ်လ်ဆီးနိုင်တာကို ကျွန်တော်အာဆင်နယ်နဲ့ ပွဲကစားခင်သိနေခဲ့တာလေ။ ကျွန်တော်ကြည့်ခဲ့တာကိုး။ ကျွန်တော့်ကစားသမားတွေကတော့ အာဆင်နယ်ပွဲ အာရုံစိုက်နေလို့ မသိလိုက်ဘူး" လို့ ပိုချက်တီနိုက ပြောပါတယ်။

play

 

ဆက်ပြီးတော့ ပိုချက်တီနိုက " နှစ်ပေါင်း ၂၂ နှစ်အတွင်း အာဆင်နယ်အသင်းအထက်မှာ ပထမဆုံးအကြိမ် ရပ်တည်ကာ ရာသီသိမ်းမယ်ဆိုတော့ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပစ်မှတ်က ချန်ပီယံ ဖြစ်ချင်တာပါ။ အာစင်ဝင်းဂါးအပေါ် ကျွန်တော်အရမ်းလေးစားပါတယ်။ ကလပ်အသင်းမှာ သူလုပ်ခဲ့တဲ့ အလုပ်တွေအတွက်လည်း အားကျလေးစားတာပါ" လို့ ပိုချက်တီနိုက ဆက်ပြောပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD