နည်းပြမော်ရင်ဟိုလက်ထက်မှာ ဖာဂူဆန်ရဲ့ ရှုံးပွဲမရှိစံချိန် ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း မော်ရင်ဟိုဟာ လှောင်ပြောင်ရှုတ်ချမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆွမ်ဆီးကိုမန်ယူအသင်း သရေကစားနိုင်ခဲ့ပြီးနောက် ၂၅ ပွဲဆက်တိုက် ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိစံချိန်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရှုံးပွဲမရှိစံချိန်ဟာ အသုံးမဝင်တဲ့ စံချိန်တစ်ခုဖြစ်သလို၊ သရေပွဲတွေများနေတဲ့အပေါ်မှာလည်း စိတ်ကျေနပ်စရာမရှိဘူးလို့ ပရိသတ်အချို့က လူမှုကွန်ယက်မှာ ဝေဖန်ခဲ့ကြပါတယ်။ ဖာဂူဆန်လက်ထက်မှာ ၁၅ ပွဲနိုင်ပြီး ကိုး ပွဲသရေကျတဲ့ ၂၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရရှိခဲ့တာဖြစ်ပါတယ်။

play

 

မော်ရင်ဟိုလက်ထက်မှာတော့ ၂၅ ပွဲမှာ ၁၃ ပွဲနိုင်ပြီး ၁၂ ပွဲသရေကျခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်လည်း ဝေဝါးနေဆဲဖြစ်ပါတယ်။ မန်ယူက ဆွမ်ဆီးကို သရေကျခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အပြိုင်ကြိုးပမ်းနေတဲ့ မန်စီးတီးကလည်း မစ်ဒယ်ဘရော့ကို သရေသာ ကစားနိုင်ခဲ့ပြီး အာဆင်နယ်ကလည်း လန်ဒန်ဒါဘီမှာ စပါးကို ရှုံးနိမ့်ခဲ့ပါတယ်။

 

ရှုံးပွဲမရှိစံချိန်ဆိုပေမယ့်လည်း ကမ္ဘာ့အဆိုးရွားဆုံး ရှုံးပွဲမရှိစံချိန်လို့ ဝေဖန်နေကြသလို အသင်းရဲ့တိုက်ပွဲဝင်လိုစိတ် ပြန်မရသေးတဲ့အပေါ်မှာလည်း ကစားပုံနဲ့ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ပရိသတ်တွေက ပြစ်တင်ဝေဖန်လျှက်ရှိပါတယ်။

play

 

မန်ယူအသင်းဟာ လက်ရှိအဆင့်--၅ နေရာမှာ မန်စီးတီးအသင်းနဲ့ တစ်မှတ်အကွာ ရပ်တည်နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုရင် လက်ကျန်ပွဲစဉ်တွေ အနိုင်ရဖို့ လိုအပ်လျှက်ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video