လန်ဒန်ဒါဘီမှာ စပါးအသင်းက အယ်လီ၊ ဟယ်ရီကိန်းတို့ရဲ့ ဂိုးတွေနဲ့ အာဆင်နယ်ကို အနိုင်ရသွားခဲ့ပြီဖြစ်ပါတယ်။ အာစင်ဝင်းဂါး လက်ထက် ပထမဆုံးအကြိမ်အဖြစ် အာဆင်နယ်အသင်းက စပါးအသင်းရဲ့ အောက်မှာ ရာသီသိမ်းရဖို့ အခြေနေဖြစ်လာခဲ့ပါပြီ။

 

ဒီပွဲရဲ့ရလဒ်ကို အာဆင်နယ်ပရိသတ်အားလုံးဒေါသပုန်ထမှာ အမှန်ပါပဲ။ ဒီပွဲအတွင်း ဖြစ်ခဲ့တဲ့ အချက်အလက် တစ်ချို့ကလည်း အတော်ရယ်စရာ ကောင်းလှပါတယ်။

 

ဟယ်ရီကိန်း

play

 

ပွဲစဉ်အတွင်းမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဂိုးပေါက်တည့်အောင်ကန်နိုင်တာ ငါးကြိမ်ရှိပါတယ်။ အာဆင်နယ်ကတော့ တစ်သင်းလုံးပေါင်းမှ လေးကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။ ဟယ်ရီကိန်းတစ်ယောက်တည်း ဂိုးပေါက်တည့်တဲ့ အကြိမ်ရေက အာဆင်နယ်တစ်သင်းလုံးထက်ပိုမျာေးနတာပါ။

 

အာဆင်နယ်နောက်တန်း

play

 

အာဆင်နယ်အသင်းနောက်တန်းဟာ ဒီနေ့ပွဲမှာ သုံးဦးတည့်ထားပြီး ကစားခဲ့တာပါ။ ကိုစီရယ်နီ၊ ပေါ်လစ္စတာနဲ့ မွန်ရီရဲလ်တို့ဖြစ်ပါတယ်။ တစ်ပွဲလုံးမှာ အာဆင်နယ်နောက်တန်းက ဂိုးဧရိယာထဲမှာ တစ်ကြိမ်မှ အောင်မြင်စွာ မဖျက်ထုတ်နိုင်ခဲ့ပါတယ်။ လေးကြိမ်ဖျက်ထုတ်ရာမှာ သုံးကြိမ်က မအောင်မြင်ခဲ့ဘဲ တစ်ကြိမက် ပြစ်ဒဏ်ဖြစ်ပြီး ပင်နယ်တီပေးခဲ့ရပါတယ်။

 

အိုဇေးလ်နဲ့ ဆန်းချက်ဇ်ထက် ပိုကောင်းတဲ့ အဲရစ်ဆင်

play

 

အဲရစ်ဆင်ရဲ့ ဖန်တီးပေးပို့မှုတွေဟာ အာဆင်နယ်အတွက် အိပ်မက်ဆိုးဖြစ်ခဲ့ပါတယ်။ အဲရစ်ဆင်က ဒီလန်ဒန်ဒါဘီမှာ ဂိုးသွင်းနိုင်အောင် တိကျစွာ ဖန်တီးပေးမှု လေးကြိမ်လုပ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်က ဆန်းချက်ဇ်နဲ့ အိုဇေးလ်နှစ်ဦးပေါင်းထက်ပိုများနေပါတယ်။

 

ဘောလုံးမပေးပို့တတ်တော့တဲ့ ဂျီရုဒ်

play

play
ဂျီရုဒ်ရဲ့ ဘောလုံးပေးပို့မှု

 

တိုက်စစ်မှူး ဂျီရုဒ်ရဲ့အဖြစ်ကိုလည်း ကြည့်ကြည့်ပါဦး။ ဒုတိယပိုင်းမှာ ဂျီရုဒ်ဟာ ဘောလုံးပေးပို့မှု ၇ ကြိမ်သာ လုပ်နိုင်ခဲ့ပါတယ်။ အဲဒီအထဲက သုံးကြိမ်ဟာ ဂိုးပေးလိုက်ပြီး ကွင်းလယ်မှာ ဘောလုံးပြန်တည်ကစားတော့ ပေးပို့တာကနှစ်ကြိမ် ဒုတိပိုင်းပြန်စလို့ ဘောလုံးပေးပို့တာက တစ်ကြိမ်၊ စုစုပေါင်း သုံးကြိမ်ပါ။ ဒီတော့ စ, ပေးဘောလုံးပေးတဲ့အကြိမ်ကလွဲရင် ဂျီရုဒ်ဘောလုံးပေးပို့နိုင်တာ ဒုတိယပိုင်းမှာ လေးကြိမ်သာရှိခဲ့ပါတယ်။

 

ပီတာဆက်ခ်ျ

play

 

အာဆင်နယ်ဂိုးသမား ပီတာဆက်ခ်ျကလည်း ပင်နယ်တီကာကွယ်ရာမှာ မအောင်မြင်မှု များလာခဲ့ပါပြီ။ ချယ်လ်ဆီးဂိုးသမားဟောင်းလည်းဖြစ်တဲ့ ပီတာဆက်ခ်ျဟာ ၂၀၁၁-၁၂ ဘောလုံးရာသီကစလို့ ပင်နယ်တီ ၁၅ ကြိမ်ကာကွယ်ထားရပြီး တစ်ကြိမ်မှ မကာကွယ်နိုင်ခဲ့ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video