AD
AD
AD

လီဗာပူးအသင်းက ဝက်ဖို့ဒ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ အမ်မရီချန်သွင်းယူလိုက်တဲ့ ဂိုးဟာ တစ်နှစ်တာ အကောင်းဆုံးသွင်းဂိုးဆုရဖို့ ရေပန်းစားလျှက်ရှိပါတယ်။

play

 

၂၀၁၄ ခုနှစ်မှာ လီဗာပူးအသင်းကို ရောက်လာခဲ့တဲ့ ဂျာမနီကစားသမား အမ်မရီချန်ဟာ သူ့အတွက် လီဗာပူးကစားသမားဘဝ အချိန် သုံးနှစ်လောက်အတွင်း အကောင်းဆုံးဂိုးကို သွင်းယူနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အသင်းဖော် လူးကက်စ်လီဗာ ဂိုးဧရိယာထဲ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို အမ်မရီချန်က မြေမကျကန်ချက်နဲ့ ဂိုးပေါက်ကို နောက်ပြန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

ဝက်ဖို့ဒ်ကစားသမား နှစ်ဦးရှိနေခဲ့ပေမယ့် အမ်မရီချန်ရဲ့ လှုပ်ရှားမှုနဲ့ ကန်သွင်းချက်ဟာ တိကျမြန်ဆန်ခဲ့လို့ ဘာမှမတက်နိုင်ခဲ့ပါဘူး။ ဒီဂိုးဟာ တစ်နှစ်တာအကောင်းဆုံးဂိုးဖြစ်လာနိုင်သာမက လီဗာပူးအသင်းအတွက်လည်း ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို ဆက်ပြီးအသက်ဆက်စေခဲ့တာ ဖြစ်ပါတယ်။

play

 

မြေမကျကန်ချက် ကန်သွင်းယူပြီးတဲ့နောက်မှာ အမ်မရီချန်ရဲ့ ဂိုးအကြောင်း လူမှုကွန်ယက်မှာ လူပြောများခဲ့ပါတယ်။ အမ်မရီချန်ကို စာချုပ်သစ်ထပ်ချုပ်ဖို့ အချို့က တိုက်တွန်းကြသလို အချို့ကလည်း တစ်နှစ်တာ အကောင်းဆုံးသွင်းဂိုးဖြစ်လာမယ်လို့ ခန့်မှန်းကြပါတယ်။ အမ်မရီချန်ရဲ့ အနိုင်ဂိုးနဲ့အတူ လီဗာပူးအသင်းဟာ တတိယနေရာမှာ ရပ်တည်နေနိုင်ခဲ့ပါတယ်။

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD