မန်ယူအသင်းက မေလ ၂၁ ရက်နေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်ကို လူငယ်အသင်းနဲ့ ပွဲထွက်ရမယ့် အခြေအနေ ဖြစ်နေပြီလို့ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

play

 

လာမယ့် မေလ ၂၁ ရက်နေ့မှာ မန်ယူအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ လိဂ်အမှတ်ပေးပွဲ နောက်ဆုံးပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။ အဲဒီနောက် သုံးရက်သာခြားပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲ ကျင်းပမှာပါ။ လက်ရှိမှာ မန်ယူအသင်းက ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ရောက်ရှိနေပြီဖြစ်တဲ့ မန်ယူအသင်းက ဆယ်လ်တာဗီဂိုနဲ့ ကစားရဦးမှာဖြစ်ပါတယ်။

ဆယ်လ်တာဗီဂိုကို ကျော်ဖြတ်ကာ ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်ခဲ့မယ်ဆိုရင် မန်ယူအသင်းက သုံးရက်လောက်အတွင်း ပရီးမီးယားလိဂ် နောက်ဆုံးပွဲနဲ့ ဗိုလ်လုပွဲကို ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအကယ်ဒမီနည်းပြဖြစ်တဲ့ နစ်ကီဘတ်ကို ခေါ်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားရဖို့ ဖြစ်နိုင်တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။ ဒဏ်ရာပြဿနာ စွာရင်ဆိုင်နေရတဲ့ မန်ယူအသင်းဟာ ဆွမ်ဆီးကို သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း လုခ်ရှောနဲ့ ဘိုင်လီစတဲ့ကစားသမားတွေကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရပြန်ပါတယ်။

play

 

အသင်းခံစစ်မှာ သူကိုယ်တိုင်ဝင်ကစားရတော့မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက အရွှန်းဖောက်ခဲ့ပါသေးတယ်။ အသင်းဟာ အကောင်းဆုံးကြိုးစားတာကြောင့် ပွဲဆက်တွေအရမ်းများပြီး အပြစ်ပေးခံရတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ " အကောင်းဆုံး လုပ်ခဲ့လို့ အပြစ်ပေးခံရတယ် ပြောရမလားပဲ။ ဗိုလ်လုပွဲသာ ကျွန်တော်တို့ တက်ခဲ့ရင်တော့ အဖြစ်ဆိုးကြီးနဲ့ ကျွန်တော်တို့ ကစားရတော့မှာ" လို့ မော်ရင်ဟိုက ပြောပါတယ်။

" အဲဒီအချိန်မှာခရစ္စတယ်ပဲလေ့စ်က တန်းဆင်းဇုန်တိုက်ပွဲအတွက် အမှတ်မလိုပါစေနဲ့ ဆုတောင်းရမှာပဲ။ အမှတ်လိုခဲ့ရင်တော့ ပြဿနာတက်ပြီ။ ယူ-၂၃ အသင်းနဲ့ ကစားရင် လုံးဝမလွယ်တော့ဘူးလေ" ဆိုပြီး မော်ရင်ဟိုက ပြောပါတယ်။

မန်ယူ ၁-၁ ဆွမ်ဆီး ပွဲစဉ်

 

လက်ရှိမန်ယူအသင်းမှာ ဒဏ်ရာရ ကစားသမား ကိုးဦးအထိ ရှိနေပြီး ဒီတစ်ပတ်ထဲမှာ ဆယ်လ်တာဗီဂိုအသင်းနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။ ဒီလိုပုံစံနဲ့ မန်ယူအသင်းသာ အက်ဖ်အေဖလားနောက်တဆင့် တက်ခဲ့ရင် ပွဲကစားဖို့ အချိန်တောင်ရှိမှာ မဟုတ်တော့ဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video