AD
AD
AD

ဒဏ်ရာရရှိနေတဲ့တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျဘောလုံးပြန်ကစားနိုင်မယ့်အခြေအနေကို အေးဂျင့်ဖြစ်သူက ရှင်းလင်းလိုက်ပါတယ်။

play

 

အရွတ်စုတ်ပြဲသွားတဲ့အတွက် ခွဲစိပ်မှုခံယူပြီးနောက် အီဘရာဟီမိုဗစ်ခ်ျဟာ အချိန်အတန်ကြာ အနားယူရမှာဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ခ်ျရဲ့ အသက်က ၃၅ နှစ်လောက်ရှိပြီဖြစ်တဲ့အတွက် ဘောလုံးဆက်ကစားနိုင်ဖို့ မသေချာတော့ဘူးလို့ သတင်းတွေထွက်ခဲ့တာပါ။ ဒါပေမယ့် ခွဲစိပ်ကုသမှု ခံယူပြီးတဲ့အခါ အီဘရာဟီမိုဗစ်ခ်ျ ဘောလုံးဆက်ကစားနိုင်မယ်လို့ အေးဂျင့်ဖြစ်သူက ကြေညာခဲ့ပါတယ်။

play

 

လက်ရှိရသွားတဲ့ ဒဏ်ရာဟာ အီဘရာဟီမိုဗစ်ခ်ျရဲ့ ကစားသမားဘဝကို အဆုံးသတ်စေလောက်တဲ့အထိ မပြင်းထန်ဘူးလို့ ကစားသမားရဲ့ အေးဂျင့်ရေးအိုလာက ပြောပါတယ်။ လက်ရှိဒဏ်ရာကို ခွဲစိပ်မှုဟာလည်း အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ အီဘရာဟီမိုဗစ်ခ်ျဟာ မန်ယူအသင်းမှာတော့ ရာသီကုန်ရင် ဆက်ရှိတော့မှာ မဟုတ်ပါဘူး။

" ဇလေတန်ရဲ့ ဒူးဒဏ်ရာခွဲစိပ်မှုဟာ အောင်မြင်မှု ရခဲ့ပါတယ်။ သူဟာ ဒဏ်ရာအပြည့်အဝ သက်သာလာဦးမှာဖြစ်ပြီး ကစားသမားဘဝ အဆုံးသတ်မှာကို စိုးရိမ်စရာ မလိုသေးပါဘူး။ ထပ်တိုးလာတဲ့ သတင်းအချက်အလက်တွေကို ထပ်မံကြေညာပေးပါမယ်" လို့ အေးဂျင့်ရေးအိုလာဘက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

play

 

တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျဟာ လွန်ခဲ့တဲ့နှစ်ပတ်က ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာ ပြန်လည်သက်သာလာပြီးရင် အီဘရာဟီမိုဗစ်ခ်ျက အမေရိကန်မေဂျာလိဂ်မှာ သွားရောက်ကစားဖွယ်ရှိပါတယ်။

Source & Photos : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD