မစ်ဒယ်ဘရော့ ၂ - ၂ မန်စီးတီး


မန်စီးတီးအသင်းက လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်-၄ နေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး မန်ယူအသင်းကို တစ်မှတ်ဖြတ်ထားဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ် မစ်ဒယ်ဘရော့အသင်းနဲ့ ပွဲစဉ်မှာ မန်စီးတီးက တစ်ဖက်နှစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့သလို မန်ယူအသင်းကလည်း ဆွမ်ဆီးကို သရေသာ ကစားနိုင်ခဲ့လို့ ပရီးမီးယားလိဂ် ဝင်ခွင့်က အကြိတ်အနယ် ဖြစ်နေဆဲ ဖြစ်ပါတယ်။

play


မန်စီးတီးအသင်းက လက်ကျန်ပွဲစဉ် လေးပွဲမှာ သုံးပွဲကို အိမ်ကွင်းမှာဧည့်ခံကစားရမှာဖြစ်ပါတယ်။ မန်စီးတီး အသင်း အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် အသင်းတွေက ခရစ္စတယ်ပဲလေ့စ်၊ လက်စတာနဲ့ ဝက်စ်ဘရွန်းအသင်း သုံးသင်း ဖြစ်ပါတယ်။ အသင်းရဲ့ အိမ်ကွင်းရလဒ်အပေါ် သံသယဖြစ်စရာဘာအကြောင်းမှ မရှိဘူးလို့ ကွန်ပနီက ပြောခဲ့တာဖြစ်ပါတယ်။

play


" အသင်းက အချိန်တန်ရင် လုပ်စရာကို အောင်မြင်စွာလုပ်နိုင်မယ်ဆိုတာ ကျွန်တော်တို့အားလုံး သံသယနည်းနည်းလေးမှ မရှိအောင် ယုံကြည်ထားကြပါတယ်။ အသင်းရဲ့ အိမ်ကွင်းရလဒ်ကလည်း ဘာမှ ပြဿနာ မရှိဘူးလေ။ လက်ကျန်ခရီးကြမ်းမှာ အိမ်ကွင်းပွဲစဉ်တွေ ကျန်ရှိနေတာက ကြီးမားတဲ့ အားသာချက် ဖြစ်ပါတယ်" ဆိုပြီး ကွန်ပနီက ပြောခဲ့တာပါ။

လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ မန်စီးတီးအသင်းက အဝေးကွင်း ဒုတိယအကောင်းဆုံး အသင်းဖြစ်ပေမယ့် အိမ်ကွင်းရလဒ်အကောင်းဆုံး အသင်းတွေထဲမှာတော့ အဆင့်-၆ နေရာမှာသာ ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video