စိတ်ကျန်းမာရေး အက်ဥပဒေနဲ့ အဲဗာတန်ကစားသမား လန်နွန်ဟာ ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ဆေးကုသမှု ခံယူဖို့ဆေးရုံကို ပို့ဆောင်ခဲ့ရကြောင်း သိရပါတယ်။

play

 

လန်နွန်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေဟာ စိုးရိမ်စရာ ဖြစ်နေတယ်လို့ ရဲတပ်ဖွဲ့က ယူဆတဲ့အတွက် ဆရာဝန်တွေရဲ့ ဆေးစစ်ချက် ခံယူဖို့ ခေါ်ယူထိန်းသိမ်းပြီး ဆေးရုံပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ လန်နွန်ရဲ့ ကောင်းကျိုးချမ်းသာနဲ့ လုံခြုံရေးအတွက် ခေတ္တထိန်းသိမ်းကာ မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အမျိုးသားတစ်ဦးဟာ ဆဲလ်ဖို့ဒ်မြို့အတွင်း အက်စလက်စ်အိုးလ် လမ်းအတွင်းမှာ စိုးရိမ်စရာ အခြေအနေကြုံနေရတယ်လို့ သတင်းရတာကြောင့် ရဲအရာရှိတွေ အဲဒီနေရာကို သွားရောက်ခဲ့ကြပါတယ်။

 

ရဲအရာရှိတွေ သွားရောက်ပြီးနောက် အဆိုပါအမျိုးသားကို စိတ်ကျန်းမာရေးအက်ဥပဒေအရ ထိန်းသိမ်းကာ ဆေးရုံပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီအမျိုးသားဟာ အဲဗာတန်ကစားသမား လန်နွန်ဖြစ်နေခဲ့တာပါ။ အာရွန်လန်နွန်ဟာ ၂၀၁၅ ခုနှစ်မှာ စပါးအသင်းကနေ အဲဗာတန်အသင်းကို ပေါင်လေးသန်းနဲ့ ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။ တောင်ပံကစားသမား လန်နွန်ဟာ ယခုနှစ်ဖေဖော်ဝါရီ ၁၁ ရက်နေ့နောက်ပိုင်းကတည်းက အသင်းအတွက် တစ်ပွဲမှ ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။

play

 

ဒီဖြစ်ရပ် သတင်းထွက်လာခဲ့ပြီးနောက် အဲဗာတန်နအသင်းကလည်း ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ လန်နွန်ဟာ ဖိအားအချို့ ရင်ဆိုင်နေရပြီး နေထိုင်မကောင်း ဖြစ်နေလို့ ဆေးကုသမှု ခံယူနေရတယ်လို့ ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။ အဲဗာတန်အသင်းက လန်နွန်အတွက် ဆုတောင်းစကားကို အသင်းရဲ့ တရားဝင် တွစ်တာအကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video