AD
AD
AD
play

 

နည်းပြမော်ရင်ဟိုရဲ့ မန်ယူအသင်းက ယနေ့ညမှာ ဆယ်လ်တာဗီဂိုအသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ကစားရဦးမှာ ဖြစ်ပါတယ်။ ဆယ်လ်တာဗီဂိုနဲ့ ယူရိုပါလိဂ်ပွဲစဉ်ပြီးရင် လာမယ့် တနင်္ဂနွေနေ့အတွင်း အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ကစားရဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်က ဒီနှစ်မှာ မန်ယူအတွက်ပိုပြီးအရေးကြီးတာကြောင့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ အဓိက ကစားသမားတွေ အနားပေးသင့်ရင် အနားပေးမယ်လို့ မော်ရင်ဟိုက ပြောခဲ့တာဖြစ်ပါတယ်။

play

 

ယူရိုပါလိဂ်ဖလားက မန်ယူအသင်း တစ်ကြိမ်မှ ချန်ပီယံမဖြစ်ဖူးတဲ့ ပြိုင်ပွဲဖြစ်သလို နောက်ရာသီချန်ပီယံလိဂ် ဝင်ခွင့်အတွက်လည်း သေချာမှုရှိမှာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ထက် ယူရိုပါလိဂ်ကို ပိုပြီးအာရုံစိုက်တာ ဖြစ်တယ်လို့ မော်ရင်ဟိုက ပြောခဲ့တာပါ။ " ဒီရာသီ ကျွန်တော်တို့ ပြဿနာ များစွာ ကြုံခဲ့ရတဲ့ကြားထဲက ယူရိုပါလိဂ်အောင်မြင်မှု ရခဲ့ရင် ခမ်းနားမှုတစ်ခု ဖြစ်လာမှာပါ။ အခု ယူရိုပါလိဂ်က ကျွန်တော်တို့ မျှော်လင့်နိုင်ပြီဖြစ်လို့ ပိုပြီးအရေးကြီးတဲ့ ပြိုင်ပွဲ ဖြစ်လာပါပြီ။ ဆယ်လ်တာနဲ့ပွဲစဉ်ရလဒ်နဲ့ အခြေအနေပေါ် မူတည်ပြီး ဘာလုပ်ရမလဲ ဆုံးဖြတ်ရမှာပါ။ ကျွန်တော်တို့ ဗိုလ်လုပွဲ ရောက်ခဲ့ရင် ဗိုလ်လုပွဲမှာ ကစားရမယ့်အသင်းက တနင်္ဂနွေ ပရီးမီးယားလိဂ်မှာ ကစားရမှာ မဟုတ်ပါဘူး" လို့ မော်ရင်ဟိုက ပြောပါတယ်။

play

 

လာမယ့်တစ်ပတ်မှာ အာဆင်နယ်နဲ့ မန်ယူတွေ့ဆုံရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အဆင့်-၄ နေရာအတွက် ဆုံးဖြတ်ပးမယ့် ပြောရမယ့်ပွဲလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန်ယူက အဆင့်-၅ နေရာမှာ ရပ်တည်နေရပြီး အာဆင်နယ်အသင်းက တစ်ပွဲလျော့ အနေအထားနဲ့ ငါးမှတ်ကွာပြီး အဆင့်-၆ နေရာ ရပ်တည်နေရပါတယ်။ တစ်ဖက်မှာ ဆယ်လ်တာဗီဂိုအသင်းက ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို ကျော်ဖြတ်ပြီးကတည်းက စပိန်လာလီဂါမှာ သုံးပွဲဆက်တိုက် ရှုံးထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD