AD
AD
AD

မန်ယူအသင်းက အားနည်းချက်များစွာ ရှိနေရင်တောင်မှာ အာဆင်နယ်အသင်းကို အနိုင်ယူကစားနိုင်တယ်လို့ အသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းက ပြောကြားလိုက်ပါတယ်။

play

 

မန်ယူအသင်းက ကြာသပတေးနေ့မှာ ဆယ်လ်တာဗီဂိုအသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ကစားပြီး တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကစားရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ  မန်ယူရော အာဆင်နယ်အသင်းပါ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ အဆင့်-၄ နေရာကို ရရှိဖို့ မသေချာတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပိုသေချာတဲ့ ယူရိုပါလိဂ်ချန်ပီယံဖြစ်ရေးကို ဦးစားကစားမယ်လို့ မော်ရင်ဟို ပြောလိုက်ပြီးနောက် အသင်းကစားသမားဟောင်း ရွိုင်ကိန်းကပါ ထောက်ခံလိုက်တာ ဖြစ်ပါတယ်။

 

မန်ယူအသင်းက အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ကစားပြီး ကြားရက်အတွင်းမှာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကို ပြန်ကစားရမှာ ဖြစ်တာကြောင့် အာဆင်နယ်နဲ့ပွဲမှာ အဓိက ကစားသမားအများစုကို ချန်ထားဖို့ရှိတယ်လို့ မော်ရင်ဟိုက ပြောထားတာဖြစ်ပါတယ်။ မန်ယူက အားနည်းတဲ့ အသင်းနဲ့ ပွဲထွက်လာရင်တောင် အာဆင်နယ်ကို အနိုင်ကစားလို့ ရတယ်ဆိုပြီးရွိုင်ကိန်းက ITV အားကစားရုပ်သံအစီအစဉ်မှာ မှတ်ချက်ပေးခဲ့တာပါ။

play

 

" မော်ရင်ဟိုက ယူရိုပါလိဂ်ကို ဦးစားပေးတယ်ဆိုတာ ရှင်းနေတာပဲလေ။ ဖလားရဖို့အရေး ဦးစားပေးတယ်ဆိုတာ မှန်တယ်လို့ ထင်တယ်" ဆိုပြီး ရွိုင်ကိန်းက ပြောပါတယ်။ အာဆင်နယ်ကို အားနည်းတဲ့ အရန်အသင်းနဲ့ ကစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က တစ်ခုခုမှားနေတယ်မထင်ဘူးလားဆိုတဲ့ မေးခွန်းကိုလည်း ရွိုင်ကိန်းက အခုလို တုန့်ပြန်ပါတယ်။ " အားနည်းနေတဲ့ အသင်းပဲ ဖြစ်စေဦးတော့ဗျာ။ အာဆင်နယ်ကို အနိုင်ကစားလို့ ရနိုင်သေးတယ်လို့ ကျွန်တော်ထင်တယ်" ဆိုပြီး ရွိုင်ကိန်းက ပြောခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD