ဆယ်တာဗီဂိုနဲ့ပွဲမှာ မန်ယူအသင်းခြေစွမ်းကို ကျေနပ်ပေမယ့် ရလဒ်ကိုတော့ နည်းပြမော်ရင်ဟို မကျေနပ်နိုင်ဖြစ်နေကြောင်း သိရပါတယ်။

 

ရက်ရှ်ဖို့ဒ်ရဲ့ ဖရီးကစ်ဂိုးနဲ့ မန်ယူအသင်း အဝေးကွင်းမှာ နိုင်ပွဲရခဲ့ပေမယ့်လည်း မော်ရင်ဟိုက ဒုတိယအကျော့ ကစားရဦးမယ့်ပွဲစဉ်အတွက် စိုးရိမ်နေတာ ဖြစ်ပါတယ်။ အခု ကစားပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်ပထမအကျော့ ပွဲစဉ်မှာကတည်းက ဒီထက်ပိုပြီး ဂိုးပြတ်ကာ ရလဒ်ပြတ်သားသင့်တယ်လို့ မော်ရင်ဟိုက ယူဆတာဖြစ်ပါတယ်။ မန်ယူအသင်း ဂိုးသွင်းခွင့်များစွာ ရရှိခဲ့ပြီး တစ်ဂိုးတည်းရခဲ့တဲ့အပေါ် ရလဒ်ကို  နည်းပြမော်ရင်ဟိုမကျေမနပ် ဖြစ်နေတာ ဖြစ်ပါတယ်။

play

 

ဗိုလ်လုပွဲ ဘယ်သူတက်မလဲ ဆိုတဲ့အဖြေဟာ ဒီပွဲအပြီးမှာတင် ပြတ်ပြတ်သားသား ထွက်ပြီလို့ ပြောရလောက်တဲ့အထိ ဂိုးပြတ်သင့်တယ်လို့ မော်ရင်ဟိုယူဆတာပါ။ မက်ခီတာယန်း၊ လင်ဂတ်တို့လည်း ဂိုးသွင်းခွင့်များစွာရရှိခဲ့ပေမယ့် ဂိုးမဝင်ခဲ့ပါဘူး။ ပထမပိုင်းမှာ ရက်ရှ်ဖို့ဒ်ရဲ့ အကောင်းဆုံး ကန်ချက်ကိုလည်း ဆယ်တာဂိုးသမား ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းက အခုပွဲကစားပြီးတာနဲ့ တနင်္ဂနွေနေ့မှာ အာဆင်နယ်ကို ရင်ဆိုင်ရဦးမှာပါ။

play

 

" ခြေစွမ်းနဲ့ ပတ်သတ်ပြီးတော့ ကျေနပ်ပါတယ်။ ရလဒ်ကိုတော့ မကျေနပ်ပါဘူး။ အဖြေထွက်ပြီးသားဖြစ်လောက်တဲ့အထိ ရလဒ်မျိုးဖြစ်အောင် ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် အခု အိုးထရက်ဖို့ဒ်မှာ ဒုတိယအကျော့ ကြိုးစားကစားရပါဦးမယ်။ ပထမပိုင်းမှာကတည်းက နှစ်ဂိုးသုံးဂိုးလောက် ရခဲ့သင့်တာ။ အခုဆို ရလဒ်က ပြောလို့မရသေးပါဘူး" လို့ မော်ရင်ဟိုက ပွဲအပြီးမှာ ပြောပါတယ်။

play

 

အိုးထရက်ဖို့ဒ်မှာ နောက်တစ်ပတ်ပြန်ကစားမယ့်ပွဲစဉ်မှာ အနိုင်ရဖို့ မျှော်လင့်ရမယ်လို့ မော်ရင်ဟိုက ဆက်ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video