AD
AD
AD

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ကော်စတာကို စူပါလိဂ်ကလပ် ထန်ကျင်းကွမ်ကျန်း အသင်းက ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရထားတယ်လို့ ယုံကြည်ရကြောင်း ဗြိတိန်သတင်းဌာနအချို့က ဖော်ပြလာပါတယ်။

play

 

တိုက်စစ်မှူး ကော်စတာဟာ တရုတ်စူပါလိဂ်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ခြောက်သိန်းခွဲလောက် ရရှိမယ်လို့ သိရပါတယ်။ ဒီပမာဏဟာ ကမ္ဘာပေါ်က ဘောလုံးသမားတွေထဲမှာ လုပ်ခလစာ အများဆုံးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ထဲမှာ တိုက်စစ်မှူး ကော်စတာနဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်တို့ဟာ စူပါလိဂ်ကလပ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။ စားသောက်ဆိုင်တစ်ခုမှာ ကော်စတာနဲ့ အေးဂျင့်မန်ဒက်ဇ်အပြင် အခြားပုဂ္ဂိုလ်တွေစကားပြောနေကြတဲ့ ဓာတ်ပုံတွေကို မီဒီယာတွေ ဖော်ပြခဲ့ပါသေးတယ်။

play

 

နောက်ထပ် စပိန်သတင်းတစ်ရပ်ကလည်း ကော်စတာဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ တရုတ်စူပါလိဂ်ကို ရောက်ရှိဖို့ သေချာသွားပြီလို့ ဆိုပါတယ်။ ကော်စတာက ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြ ကစားနိုင်ပေမယ့် လန်ဒန်လူနေမှု ပုံစံနဲ့ ပတ်ဝန်းကျင်မှာ အသားမကျဘဲ နေထိုင်နေရတယ်လို့ သတင်းတွေလည်း ထွက်ခဲ့သူပါ။

play

ကော်စတာကို ချယ်လ်ဆီးအသင်းက ပြီးခဲ့တဲ့ ခရစ္စမတ်မတိုင်ခင်မှာ စာချုပ်သစ်ကမ်းလှမ်းခဲ့ပြီး ကော်စတာ စဉ်းစားနေဆဲ ကာလမှာ နည်းပြကွန်တီနဲ့ စကားများခဲ့တဲ့အတွက် တရုတ်အသင်းတွေဘက်က ကမ်းလှမ်းမှုကို လက်ခံခဲ့တာလို့ သိရပါတယ်။ များပြားတဲ့ ပြောင်းရွှေ့ကြေးပမာဏကို ချယ်လ်ဆီးရရှိမှာ ဖြစ်တာကြောင့် နောက်ထပ် တိုက်စစ်မှူး တစ်ဦး ချယ်လ်ဆီးထပ်ခေါ်ဖို့ သေချာကြောင်း သတင်းတွေက ရေးသားထားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD