AD
AD
AD

အာဆင်နယ်နဲ့ မန်ယူအသင်းက ဒီနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ တွေ့ကြရမှာ ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံးအဖြတ်ဖြစ်နေတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။

play

အာဆင်နယ်အသင်းဟာ နည်းပြအာစင်ဝင်းဂါးလက်ထက် နှစ်တိုင်းချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပေမယ့် ဒီနှစ်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်အရဖို့ အခွင့်အရေးနည်းလျှက်ရှိပါတယ်။

တစ်ဖက်မှာလည်း အာဆင်နယ်အသင်းဟာ နှစ်ပေါင်းများစွာ အဓိက ဖလားတွေနဲ့ ဝေးကွာနေတာကြောင့် နည်းပြအာစင်ဝင်းဂါနဲ့ လမ်းခွဲဖို့ ပရိသတ်တွေက အလိုရှိနေပါတယ်။ အသင်းမှာ နှစ်ပေါင်းများစွာ အလုပ်အောင်မြင်အောင် လုပ်လာတဲ့နည်းပြတစ်ဦး အသင်းနဲ့ လမ်းခွဲသွားမှာ မမြင်ချင်ဘူးလို့ မော်ရင်ဟိုက ပြောလိုက်တာဖြစ်ပါတယ်။ မော်ရင်ဟိုနဲ့ အာစင်ဝင်းဂါးဟာ အပြန်အလှန်စကားစစ်ထိုးမှုတွေ ပြုလုပ်ကြသလို ကွင်းထဲမှာလည်း ကိုယ်ထိလက်ရောက် ကျူးလွန်းမှုတွေရှိထားသူ ခါးသီးပြိုင်ဘက်တွေဖြစ်ပေမယ့် အာစင်ဝင်းဂါးကို စာနာတယ်လို့ မော်ရင်ဟိုက ပြောလိုက်တာဖြစ်ပါတယ်။

play

 

" အမှန်တိုင်းပြောရရင် အာစင်ဝင်းဂါး အလုပ်ဆက်မြဲနေပါစေလို့ ဆန္ဒပြုပါတယ်။ နည်းပြတစ်ဦးကို ကာလကြာရှည် ထိန်းသိမ်းလက်တွဲသွားနိုင်တယ်ဆိုတာ အာဆင်နယ်က နောက်ဆုံးဥပမာပေးစရာ ဖြစ်နေပါပြီ။ ဆာအဲလက်စ်လည်း ဒီလိုနေခဲ့ပေမယ့် သူက ဘယ်အချိန်မှာ စွန့်ခွာရမယ်ဆိုတာကို သိခဲ့ပါတယ်။ အာစင်ဝင်းဂါးကိုလည်း ဒီလိုပဲ ဖြစ်စေချင်တာပါ။ သူနာကျင်ခံစားရမှုတွေကို ကိုယ်ချင်စာပါတယ်။ ကျွန်တော်တို့ အားလုံး ဒါကိုကြုံတွေ့ကြရတာပဲလေ။ ဘောလုံးလောက ပြောင်းလဲလာပြီးနောက် မန်နေဂျာတစ်ယောက်က အ သင်းတစ်သင်းမှာ အကြာကြီးနေဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး"လို့ မော်ရင်ဟိုက ပြောခဲ့တာဖြစ်ပါတယ်။

play

 

နှစ်ပေါင်း ၂၀ လောက် အသင်းမှာ နေလာတဲ့နည်းပြတစ်ဦးအနေနဲ့ နှစ်တိုင်းအောင်မြင်မှုရဖို့ မလွယ်ကြောင်းနဲ့ ဖာဂူဆန်ဆိုရင်တောင်မှ ဒါကို လက်ခံမှာဖြစ်ကြောင်း မော်ရင်ဟိုက ပြောပါတယ်။ အာစင်ဝင်းဂါးဟာ မအောင်မြင်တဲ့နေရာမှာ ထူးချွန်သူဖြစ်ကြောင်း မော်ရင်ဟိုက စွပ်စွဲပုပ်ခတ်ဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD