play

 

ယနေ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းကို မဖြစ်မနေ အနိုင်ယူရမယ်ဆိုတဲ့ အခြေအနေနဲ့အတူ အာဆင်နယ်အသင်း အခက်ကြုံနေပြီလို့ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။

မန်ယူအသင်းကို နိုင်ပွဲမရခဲ့ဘူးဆိုရင် အာဆင်နယ် ဒုက္ခလှလှတွေ့ပြီလို့ ပြောနေကြပေမယ့် တကယ်တမ်းမှာ ဒီပွဲမတိုင်ခင်ကတည်းက အာဆင်နယ်အသင်း အခက်တွေ့နေတာ ဖြစ်ကြောာင်း အာစင်ဝင်းဂါးက ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီနေ့ည ကစားမယ့်ပွဲမှာ အာဆင်နယ်အသင်းဟာ အနိုင်ရလဒ်ကလွဲလို့ ဘာကိုမှ မလိုအပ်ဘူးလို့လည်း အာစင်ဝင်းဂါးက ပြောပါတယ်။

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက အဆင့်-၆ နေရာရပ်တည်လျှက်ရှိပြီး မန်ယူအသင်းက အဆင့်-၅  နေရာမှာ တစ်မှတ်အသာနဲ့ ရပ်တည်လျှက်ရှိပါတယ်။ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ဆက်ပြီးအသက်ရှင်ဖို့အတွက် ဒီနေ့ပွဲမှာ မန်ယူအသင်းကိုမဖြစ်မနေအနိုင်ရဖို့လိုမှာဖြစ်ပါတယ်။ ဒါမှကျန်တဲ့ လက်ကျန် လေးပွဲလောက်မှာ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ကိုလိုက်မီဖို့ မျှော်လင့်ချက်ရှိမှာဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း အာဆင်နယ်အသင်းအနေနဲ့ သူများဘာလုပ်မလဲဆိုတာကို အာရုံမစိုက်ပဲ ကိုယ်ဘာလုပ်မလဲဆိုတာကိုသာ အာရုံစိုက်ထားကြဖို့ အာစင်ဝင်းဂါးက ပြောပါတယ်။

" ဒီပွဲအခြေအနေမကောင်းရင် ဒုက္ခတွေ့မယ်ဆိုပေမယ့်လည်း အာဆင်နယ်ဟာ အခက်တွေ့နေခဲ့ပြီးပါပြီ။ စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တွေကို ဒီပွဲအနိုင်ပြီး ချေပရတော့မှာပါ။ ပွဲကြီးပွဲကောင်းမှာ အနိုင်ယူပြီး ပြန်နိုးထတဲ့ နည်းထက်ကောင်းတာ လတ်တလောမရှိတော့ပါဘူး။ ကျွန်တော်တို့လိုအပ်တာ အနိုင်ရလဒ်ပါပဲ" လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

တစ်ဖက်မှာလည်း မန်ယူအသင်းက မော်ရင်ဟိုလက်ထက် ပရီးမီးယားလိဂ်မှာ ကာလကြာရှည် ရှုံးပွဲမရှိစံချိန် ရထားတာကြောင့် ဒီပွဲလုံးဝမလွယ်ဘူးလို့ အာစင်ဝင်းဂါးက သတိပေးပါတယ်။ အာဆင်နယ်အသင်းဟာ ခြေစွမ်း ပြနိုင်တဲ့အချိန်ဆိုရင် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ အာစင်ဝင်းဂါးက ဆက်ပြောခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video