AD
AD
AD

အာဆင်နယ် ၂ - ၀ မန်ယူ


ချန်ပီယံလိဂ် ဝင်ခွင့်အဆုံးအဖြတ်လို့ ဆိုရမယ့်ပွဲစဉ်မှာ အာဆငနယ်အသင်းက မန်ယူကို အနိုင်ရရှိသွားခဲ့ပါတယ်။ နည်းပြ အာစင်ဝင်းဂါးလက်ထက် မော်ရင်ဟိုကို အသာစီးရလေ့မရှိပေမယ့် ဒီကနေ့ ကစားခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာတော့ နှစ်ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပါတယ်။

play


အာဆင်နယ်အသင်းက ဒီကနေ့ တိုက်စစ်မြှားဦးမှာ မန်ယူအသင်းတိုက်စစ်မှူး ဟောင်းဝဲလ်ဘက်ကို ပွဲထုတ်ခဲ့ပြီး အိုဇေးလ်၊ ဆန်းချက်ဇ်တို့ရဲ့ တိုက်စစ်နဲ့ ခြံရံခဲ့ပါတယ်။ မန်ယူအသင်းကတော့ ဒဏ်ရာကစားသမားများနေတဲ့အတွက် ရွန်နေး၊ ဟာရဲယား၊ မိုက်ကယ်ကာရစ်တို့နဲ့အတူ မာတာ၊ မက်ခီတာယန်း၊ မာရှယ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံးရဲ့ အဆုံးသတ်ညံ့ဖျင်းနေခဲ့တာတွေ့ရပါတယ်။

- ဥရောပလိဂ် ဘောလုံးပွဲရလဒ်များ

play


အာဆင်နယ်အသင်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပိုမိုထိုးဖောက်ခွင့်ရပေမယ့်လည်း အဆုံးသတ် မသေချာတဲ့အတွက် မန်ယူအသင်းကို ပထမပိုင်းမှာ အဖွင့်ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ မိနစ် ၃၀ ဝန်းကျင်မှာ ဝဲလ်ဘက် အကောင်းဆုံးအခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပြန်ပါဘူး။ ဒုတိယပိုင်းပြန်စပြီး ၅၄ မိနစ်မှာ အိမ်ရှင်အာဆင်နယ်အသင်း အဖွင့်ဂိုး ရရှိသွားခဲ့ပါတယ်။

play


မန်ယူအသင်း ဂိုးပေါက်နဲ့ ကိုက် ၃၀ လောက်အကွာမှာ ရလာတဲ့ဘောလုံးကို အာဆင်နယ်ကစားသမား ရှာခါက ဘယ်သူ့ကိုမှ မပေးဘဲ ဂိုးပေါက်ထဲ တိုက်ရိုက်ကန်သွင်းလိုက်တာပါ။ မန်ယူဂိုးသမား ဒီဂီယာလည်း နည်းနည်းရှေ့ထွက်နေတဲ့ အတွက် ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ပါဘူး။ နောက်ထပ် သုံးမိနစ်အကြာမှာ အာဆင်နယ်အသင်း နောက်တစ်ဂိုး ထပ်ရပါတယ်။ ညာခြမ်းကနေ ချိန်ဘာလိန် ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ဝဲလ်ဘတ်က ခေါင်းတိုက်သွင်းယူလိုက်တာ ဖြစ်ပါတယ်။

play


ဝဲလ်ဘက်ဟာ မန်ယူအသင်းကို ရင်ဆိုင်ပြီး အာဆင်နယ်အတွက် ပွဲထွက်ခဲ့တဲ့ နောက်ဆုံးသုံးကြိမ်စလုံးမှာ ဂိုးသွင်းနိုင်သူ ဖြစ်လာခဲ့ပါတယ်။ ဒီပွဲအနိုင်ရလဒ်ကြောင့် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယား အဆင့်-၆ နေရာ ရပ်တည်ခဲ့ရပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်-၄ နေရာ ရဖို့မျှော်လင့်ချက်ကောင်းလာခဲ့ပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD