AD
AD
AD
play

 

ခံစစ်အသားပေးကစားပြီး အောင်မြင်နေတဲ့ အသင်းတွေကို အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက မေးခွန်းထုတ်လိုက်ပြီး ဘောလုံးလောကမှာ ဘောလုံးပိုင်ဆိုင်မှုကသာလျှင် အရေးကြီးတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီရာသီမှာ ခံစစ်အသားပေးကစားကာ အောင်မြင်မှုရနေတဲ့ ချယ်လ်ဆီးအသင်းကို ရည်ရွယ်ပြောဆိုတာ ဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။ လက်ရှိအချိန်မှာ အမှတ်ပေးဇယားကို

ထိပ်ဆုံးက ဦးဆောင်နေတဲ့ ချယ်လ်ဆီးအသင်းက အာဆင်နယ်အသင်းထက် ၂၁ မှတ်ပိုများလျှက်ရှိပါတယ်။ ဘောလုံးကစားရာမှာ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိမှုကသာလျှင် အဓိက ဖြစ်တယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

play

 

ဘောလုံးအသင်းတွေအနေနဲ့ လာရောက်အားပေးတဲ့ ပရိသတ်တွေရှိတာကြောင့် ဖျော်ဖြေမှုကိုလည်း ဦးစားပေး တာဝန်ယူမှုရှိဖို့ လိုကြောင်း အာစင်ဝင်းဂါးက ဝေဖန်ထောက်ပြပါတယ်။ နည်းပြမော်ရင်ဟိုအလွန် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြကွန်တီဟာ ခံစစ်အသားပေးတယ်ဆိုပေမယ့် တိုက်စစ်က ပရီးမီးယားလိဂ်မှာ ဂိုးအရဆုံးအသင်းဖြစ်နေပါတယ်။ ဘောလုံးလောကမှ ဟန်ချက်ညီမှု အရေးကြီးကြောင်းလည်း အာစင်ဝင်းဂါးက ထောက်ပြပါတယ်။

" ဘောလုံးလောကမှာ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း ရှိဖို့လိုပါတယ်။ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း မရှိတဲ့အသင်းတွေ များလာပြီဆိုရင် စဉ်းစားရပါတော့မယ်။ လာကြည့်တဲ့ ပရိသတ်တွေလည်း ရှိမှာမဟုတ်တော့ဘူးလေ။ ခံစစ်ကစားပုံက ဘယ်လောက်ကြာကြာ ရေပန်းစားမလဲ ကျွန်တော်လည်းမသိဘူး။ ချန်ပီယံလိဂ်မှာ ခံစစ်နဲ့ ကစားပြီး ဖလားရသွားသူတွေရှိပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားတဲ့ အသင်းတွေပဲ ဖလားရကြတာပဲလေ။ ဘောလုံးလောကမှာ ဟန်ချက်ညီမှုက အရေးကြီးပါတယ်။ ဘောလုံးပိုင်ဆိုင်မှုနဲ့ တိုက်စစ်ဆင်မှုအကြား ဟန်ချက်ညီမှု ရှိဖို့လိုတယ်" လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

play

 

အာဆင်နယ်အသင်းက ဒီရာသီမှာ ဘောလုံးပိုင်ဆိုင်မှု များတဲ့ပွဲတွေရှိခဲ့ပေမယ့် အချို့ပွဲတွေမှာ ရှုံးနိမ့်ခဲ့ရာတွေရှိနေပါတယ်။ " ဝက်စ်ဘရွန်းနဲ့ပွဲဆို ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု ၇၀ လောက်အထိ ရှိခဲ့တယ်။ ဒါပေမယ့် ၃-၁ နဲ့ ရှုံးတယ်။ ခရစ္စတယ်ပဲလေ့စ်လည်း ဒီလိုပဲ။ ၃-၀ ဂိုးနဲ့ ရှုံးတယ်။ ဘာကြောင့်လည်း ဆိုတော့ ဂိုးဖန်တီးနိုင်မှုဆိုတဲ့ ဟန်ချက်ညီမှု မရှိခဲ့လို့ပဲ" လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

နာမည်ကျော်ကစားသမားတွေကိုလိုချင်ရင် ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားဖို့လိုတယ်လို့ အာစင်ဝင်းဂါးက သုံးသပ်ပါတယ်။ နာမည်ကျော်ကစားသမားတွေ၊ ခြေစွမ်းကောင်းတဲ့ ကစားသမားတွေက ဘောလုံးကို အသာစီးရယူပြီးကစားချင်တာဖြစ်တယ်လို့ ဆိုပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD