AD
AD
AD

ယနေ့ ကစားရမယ့် ဆယ်လ်တာဗီဂိုအသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ဟာ မန်ယူအသင်းသမိုင်းတစ်လျှောက် အရေးအကြီးဆုံးပွဲဖြစ်တယ်လို့ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

play

 

မန်ယူအသင်း ဗိုလ်လုပွဲရောက်ဖို့အတွက် ဒီနေ့ပွဲစဉ်မှာ အသင်းသားတွေ စိတ်ဓာတ်အင်အားဟာ ပြိုင်ဘက်ထက် ပိုမိုပြင်းထန်နေမှ ရမယ်လို့လည်း မော်ရင်ဟိုက သတိပေးလိုက်ပါတယ်။ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ဆယ်လ်တာဗီဂိုအိမ်ကွင်းမှာ မန်ယူအသင်းက ရက်ရှ်ဖို့ဒ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ယနေ့ ဒုတိယအကျော့ ပွဲစဉ်ကို မန်ယူအသင်းအိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားရမှာ ဖြစ်ပါတယ်။

" စိတ်ဓာတ်ခွန်အား မြင့်တက်နေဖို့လည်း လိုတယ်။ အသင်းသမိုင်းမှာ အရေးအကြီးဆုံး ပွဲတစ်ပွဲလို့ ပြောရပါမယ်။ ကျွန်တော်ကတော့ အသင်းသမိုင်းမှာအရေးအကြီးဆုံးပွဲက ဒီနေ့ပွဲစဉ်ပဲလို့ ခံစားမိတယ်။ အရင်က ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ နောက်တွေဘာတွေဖြစ်ဖြစ်ပါ။ ဒီပြိုင်ပွဲကို ဆယ်လ်တာဗီဂိုထက် ကျွန်တော်တို့က ပိုပြီးနိုင်လိုစိတ်ပြင်းထန်မယ်လို့ ယုံကြည်ပါတယ်" လို့ မော်ရင်ဟိုက ပြောခဲ့တာဖြစ်ပါတယ်။

 

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့်-၄ ရဖို့ အရမ်းခက်ခဲသွားပြီဖြစ်လို့ ယူရိုပါလိဂ်မှာ  ဗိုလ်စွဲမှသာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

မန်ယူအသင်းက ဆယ်လ်တာဗီဂိုကို အနိုင်ခဲ့ရမယ်ဆိုရင် ဗိုလ်လုပွဲမှာ လိုင်ယွန်အသင်းနဲ့ တွေ့ရဖို့ များနေပါတယ်။ ပရီးမီးယားလိဂ်မှာ အဆင့်-၄၊ အဆင့်-၅နဲ့ အဆင့်-၆ နေရာက အသင်းတွေ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ကြိုးစားနေတာ အခြေအနေမတူညီဘူးလို့ ပြောပါသေးတယ်။ ချန်ပီယံလိဂ်အတွက် အဆင့်-၄ အတွင်း ဝင်အောင် ကြိုးစားရတာဟာ ဖလားအောင်မြင်မှု မရသလို၊ ဂုဏ်ပြမှတ်တမ်းတင်ခံရတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။ ဒီပြိုင်ပွဲ(ယူရိုပါလိဂ်)မှာ ချန်ပီယံဖြစ်အောင် ကြိုးစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရတာကိုတော့ အပိုဆုလို သဘောထားမယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။

play

 

ချန်ပီယံလိဂ်ဟာ မန်ယူအသင်း ပြိုင်ဆိုင်လိုတဲ့ အဓိက ပြိုင်ပွဲတစ်ရပ်ဖြစ်ပေမယ့် အခုလောလောဆယ်မှာတော့ ယူရိုပါလိဂ် ဖလားအကြောင်းကိုပဲ တွေးနေဦးမယ်လို့ မော်ရင်ဟိုက ပြောခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အဆင့်-၄ နေရာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးတို့က ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD