EPL: ပရီးမီးယားလိဂ် ချန်ပီယံ ဆုကြေးပမာဏ စံချိန်တင်ရရှိမယ့် ချယ်လ်ဆီး

ချယ်လ်ဆီးက ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားပြီဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အများဆုံး ဆုကြေးပမာဏကို ရရှိမှာဖြစ်ပါတယ်။

 

ချယ်လ်ဆီးအသင်းက မြန်မာစံတော်ချိန် ယနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘက်ရှုရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဝက်စ်ဘရွန်းကို အနိုင်ယူပြီးချန်ပီယံဖြစ်သွားခဲ့တာပါ။ လက်ကျန်နှစ်ပွဲ ကျန်ရှိနေသေးပေမယ့် ချယ်လ်ဆီးအသင်းကို စပါးအသင်းက လိုက်မီဖို့ ခုနှစ်မှတ် လိုအပ်နေသေးတာကြောင့် ချယ်လ်ဆီး ချန်ပီယံ ဖြစ်ဖို့ သေချာခဲ့တာဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပြီးတဲ့နောက်မှာ ချယ်လ်ဆီးအသင်းက ဆုကြေးအပါအဝင် ပရီးမီးယားလိဂ်ထံက စုစုပေါင်း ပေါင်သန်း ၁၅၀ လောက်ရရှိမယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ ချန်ပီယံအသင်းတစ်သင်းအနေနဲ့ အများဆုံးရရှိတဲ့ဆုကြေးပမာဏလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရုပ်သံထုတ်လွှင့်ခွင့်အတွက် စံချိန်တင်ပမာဏနဲ့ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ အသင်းတွေရဲ့ ဝင်ငွေလည်း တိုးတက်လာခဲ့တာဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ်ကလပ်အသင်း အားလုံးနီးပါးဟာ  ရုပ်သံထုတ်လွှင့်ကြေးနဲ့ အခြားစီးပွားရေးဆိုင်ရာ မူပိုင်ခွင့်တွေအတွက် ပေါင်သန်း ၈၀ ထက်မနည်း တူညီစွာ ရရှိကြမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ရာသီသိမ်းမယ့် အဆင့်သတ်မှတ်ချက်အပေါ် မူတည်ပြီးနောက်ထပ် ဝင်ငွေဆုကြေးထပ်တိုးရှိမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ၁၃ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလား ငါးကြိမ်မြောက်ကို လက်ခံရရှိခဲ့တာပါ။

play

 

မနှစ်က အဆင့်-၁၀ နဲ့သာ ရာသီသိမ်းခဲ့တုန်းက ချယ်လ်ဆီးအသင်းဟာ ဆုကြေးဝင်ငွေ ၈၇ သန်းခန့်သာ ရရှိခဲ့ပါတယ်။ မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာကတော့ ဆုကြေးပေါင် ၉၃ သန်းသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Source : ITV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ