EPL: ဘယ်အသင်းတွေ ချန်ပီယံလိဂ် ဝင်ခွင့်ရမလဲ

သုံးသင်းထဲက နှစ်သင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာပါ။

ပရီးမီးယားလိဂ် အဆင့်-၄ အတွင်း ရာသီကုန်ရင် ဘယ်အသင်းတွေ ချန်ပီယံလိဂ် ဝင်ခွင့်ရမလဲဆိုတာ နှစ်စဉ် ရင်ခုန်ရတဲ့ အရာဖြစ်ပါတယ်။ ဒီရာသီမှာ ချယ်လ်ဆီးကချန်ပီယံ ဖြစ်ခဲ့ပြီးနောက် စပါးအသင်းလည်း အဆင့်-၂ နေရာရဖို့ သေချာသွားခဲ့ပါပြီ။

 

လက်ကျန် အဆင့်-၃ နဲ့ အဆင့်-၄ နေရာကို မန်စီး၊ လီဗာပူး၊ အာဆင်နယ်သုံးသင်းထဲက ဘယ်အသင်းတွေရမလဲဆိုတာ စိတ်ဝင်စားစရာပါ။

လီဗာပူး (လက်ကျန်နှစ်ပွဲ)

play

 

လီဗာပူးအသင်းက လက်ရှိအဆင့်၃ နေရာ မှာ ရှိနေတဲ့အသင်းပါ။ လက်ကျန်နှစ်ပွဲကို ဝက်စ်ဟမ်း၊ မစ်ဒယ်ဘရော့တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းက အိမ်ကွင်းမာကျောတဲ့ အသင်းဖြစ်ပြီး စပါးကိုတောင်အိမ်ကွင်းမှာ အနိုင်ယူပြခဲ့တာါ။ အဲဒါကြောင့် ဝက်စ်ဟမ်းနဲ့ပွဲစဉ်ဟာ လီဗာပူးအတွက် အရမ်းခက်ခဲမှာဖြစ်ပါတယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲလုံးနိုင်ပွဲပျောက်ခဲ့ပါတယ်။ နောက်ဆုံးပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးထားတာပါ။ လီဗာပူးအသင်း ဒီနှစ်ထဲမှာ ရှုံးခဲ့တဲ့ ခြောက်ပွဲဟာ အသင်းငယ်လေးတွေကို ရှုံးထားခဲ့တာဖြစ်ပါတယ်။

 

၂။ မန်စီးတီး (လက်ကျန်သုံးပွဲ)

play

 

မန်စီးတီးအသင်းက ရမှတ် ၆၉ မှတ်ရပြီး အဆင့်-၄ နေရာမှာ ရှိနေပါတယ်။ ဒါပေမယ့် သုံးပွဲကစားရဦးမှာဖြစ်ပြီး လီဗာပူးနဲ့ တစ်မှတ်သာကွာလို့ လက်ကျန်သုံးပွဲလုံး နိုင်မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာမှာ ဖြစ်ပါတယ်။ လက်ကျန်သုံးပွဲမှာ လက်စတာ၊ ဝက်စ်ဘရွန်း၊ ဝက်ဖို့ဒ်တို့နဲ့ ကစားရမှာပါ။ အားသာချက်ကတော့ လက်ကျန်သုံးပွဲထဲက နှစ်ပွဲကိုအိမ်ကွင်းမှာ ကစားရမယ့်အချက်ဖြစ်ပါတယ်။ သုံးသင်းလုံးကလည်း အသည်းအသန်အမှတ်မလိုတော့တဲ့ အသင်းတွေဖြစ်နေလို့ မန်စီးတီးက ပိုပြီးအခြေအနေကောင်းနိုင်ပါတယ်။

 

၃။ အာဆင်နယ် (လက်ကျန်သုံးပွဲ)

play

 

လက်ကျန်သုံးပွဲကစားရမှာဖြစ်ပြီ ၆၆ မှတ်ရထားပါတယ်။ စတုတ်၊ ဆန်းဒါးလန်း၊ အဲဗာတန်အသင်းတွေနဲ့ ကစားရမှာဖြစ်ပါတယ်။ လက်ကျန်သုံးပွဲလုံးနိုင်မယ်ဆိုရင်တောင် မန်စီးတီးနဲ့ လီဗာပူး လက်ကျန်ပွဲတွေအားလုံးနိုင်ခဲ့ရင် အာဆင်နယ် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ကံဆိုးတာက အာဆင်နယ်ကို ဒုက္ခပေးလေ့ရှိတဲ့ စတုတ်နဲ့ ရင်ဆိုင်၇မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ စတုတ်နဲ့အာဆင်နယ် နောက်ဆုံး ၇ ကြိမ်တွေ့ရာမှာ အာဆင်နယ်က တစ်ကြိမ်သာနိုင်ထားတဲ့အထိ ရလဒ်ဆိုးနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ