EPL: အက်ဖ်အေဖလားရလျှင် အာစင်ဝင်းဂါး စာချုပ်သက်တမ်းထပ်တိုးမည်

အာစင်ဝင်းဂါးအနာဂတ်က မှန်းဆလို့မရဖြစ်နေဆဲပါ။

ချန်ပီယံလိဂ် ဝင်ခွင့်အပြင်အက်ဖ်အေဖလားကိုသာ အာဆင်နယ်ဆွတ်ခူးရရှိခဲ့မယ်ဆိုရင် နည်းပြအာစင်ဝင်းဂါး အသင်းနဲ့ စာချုပ်သက်တမ်း ထပ်တိုးဖွယ်ရှိကြောင်း သိရပါတယ်။

 

ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့်အပြင် ဒီလအတွင်းကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ  ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင် အာစင်ဝင်းဂါး စာချုပ်ထပ်တိုးဖွယ်ရှိတယ်လို့ အသင်းကစားသမားဟောင်း နေးလ်ကွင်းက ပြောခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး မေလ ၂၇ ရက်နေ့မှာ ကစားကြမှာဖြစ်ပါတယ်။ လက်ရှိမှာ အာစင်ဝင်းဂါးကို အသင်းဘက်က စာချုပ်သက်တမ်း ၂ နှစ်ထပ်တိုးဖို့ ကမ်းလှမ်းထားပေမယ့် အာစင်ဝင်းဂါးဘက်က လက်မခံသေးပါဘူး။

play

 

"  ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အက်ဖ်အေဖလား ရမယ်ဆိုရင် သူဆက်နေမယ်လို့ ကျွန်တော်ထင်တယ်။ ကလပ်အသင်းသမိုင်းမှာ သူကအောင်မြင်မှုအရဆုံး နည်းပြပဲလေ။ နောက်ထပ် ဆန္ဒပြမယ့်ဆိုင်းဘုတ်အသစ်တွေ ထပ်ပေါ်ချင်ပေါ်လာဦးမှာပါ။ ဒါပေမယ့် ချန်ပီယံလိဂ်လည်း ဝင်မယ်၊ အက်ဖ်အေဖလားလည်း ရမယ်ဆိုရင် ဆန္ဒပြသူတွေ ပြန်ငြိမ်သွားကြရမှာပဲ"လို့ အသင်းတိုက်စစ်မှူးဟောင်း နေးလ်ကွင်းက စကိုင်းစပို့တ်သတင်းဌာနကို ပြောခဲ့တာဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ စနေနေ့က ပွဲစဉ်မှာ အာဆင်နယ်အသင်းက စတုတ်စီးတီးကို ၄-၁ ဂိုးနဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အဆင့်-၅ နေရာမှာသာ ရပ်တည်နေရဆဲ ဖြစ်ပါတယ်။ အာဆင်နယ်က လက်ကျန်နှစ်ပွဲနိုင်မယ်ဆိုရင်တောင်မှ လီဗာပူးနဲ့ မန်စီးတီးကလည်း လက်ကျန်ပွဲတွေ နိုင်မယ်ဆိုရင် အာဆင်နယ်ချန်ပီယံလိဂ်ဝင်ခွင့် ရမှာ မဟုတ်ပါဘူး။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ