EPL: ဂျွန်တယ်ရီနဲ့ ဒီဖိုးကို လစာငွေများစွာပေးပြီး ခေါ်ယူမယ့် ဘုန်းမောက်

နှစ်ဦးလုံးက အသင်းနဲ့ လမ်းခွဲကြတော့မှာ ဖြစ်ပါတယ်။

အသင်းနဲ့ လမ်းခွဲကြတော့မယ့် ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီနဲ့ ဆန်းဒါးလန်းတိုက်စစ်မှူး ဂျာမိန်းဒီဖိုးတို့နှစ်ဦကို ဘုန်းမောက်အသင်းက ခေါ်ယူသွားမယ်လို့ သိရပါတယ်။

 

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဂျွန်တယ်ရီဟာ အသက်အရွယ်အရ အသင်းနဲ့စာချုပ်သက်တမ်းထပ်မတိုးဘဲ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဝါရင့်တိုက်စစ်မှူး ဂျာမိန်းဒီဖိုးကတော့ ဆန်းဒါးလန်းအသင်း တန်းဆင်းသွားတဲ့အတွက် အသင်းပြောင်းဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ အသင်းတန်းဆင်းသွားခဲ့ရရင် အခြားအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံနိုင်တယ်ဆိုတဲ့ သဘောတူညီချက်ကို စာချုပ်ထဲမှာ ဒီဖိုးနဲ့ ဆန်းဒါးလန်းအသင်း ထည့်သွင်းထားခဲ့လို့ပါ။

play

 

Mirror သတင်းစာရဲ့ ဖော်ပြချက်အရ ဘုန်းမောက်အသင်းက ဒီကစားသမားနှစ်ဦးလုံးကို များပြားတဲ့ လစာငွေနဲ့ ခေါ်ယူဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ ဂျွန်တယ်ကို တစ်ပတ်လုပ်ခလစာ ပေါင်တစ်သိန်းသုံးသောင်းနဲ့ ခေါ်ယူချင်နေတာဖြစ်ပြီး တိုက်စစ်မှူး ဒီဖိုးကိုတော့ တစ်ပတ် ပေါင်တစ်သိန်း ပေးမယ်လို့ သိရပါတယ်။

play

 

ဒီကစားသမားနှစ်ဦးလုံးကိုခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး များစွာကုန်ကျမှာ မဟုတ်တာကြောင့်လည်း ဘုန်းမောက်အသင်းက ခေါ်ယူချင်နေတာပါ။ ဘုန်းမောက်နည်းပြ အက်ဒီဟောင်းကတော့ သူတို့နှစ်ဦးလုံးခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဆန်းဒါးလန်း တန်းဆင်းခဲ့ရပေမယ့် တိုက်စစ်မှူး ဒီဖိုးက ခြေစွမ်းပြခဲ့ပြီး လိဂ်ဂိုး ၁၅ ဂိုးသွင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ