EPL: မက်ဆီနဲ့ ရော်နယ်ဒိုလို ခြေရာနင်းမယ့် ကစားသမားသုံးဦးကို ဟာဇက် ဟောကိန်းထုတ်

မကြာခင် ကမ္ဘာ့အကောင်းဆုံး ဖြစ်လာတော့မယ် ကစားသမားတွေဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒို  အနားယူပြီးတဲ့အခါ ဘောလုံးလောကကို လွှမ်းမိုးလာမယ့် ကစားသမားသုံးဦးနာမည်ကို ချယ်လ်ဆီးကစားသမား ဟာဇက်က ဟောကိန်းထုတ်လိုက်ပါတယ်။

 

နောက်ဆုံးကိုးနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီနဲ့ ရော်နယ်ဒိုသာ တစ်လှည့်စီ ရရှိခဲ့တာဖြစ်ပါတယ်။ အခုအဆိုပါ ကစားသမားနှစ်ဦးလုံး အသက်အရွယ်ရလာပြီဖြစ်တဲ့ အတွက် လာမယ့်နှစ်အနည်းငယ်အတွင်း ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေဖြစ်လာမယ့် ကစားသမားသုံးဦးကို ဟာဇက်က ဟောကိန်းထုတ်လိုက်တာပါ။ ဒါပေမယ့် ချယ်လ်ဆီးကစားသမား ဟာဇက်က သူ့ကိုယ်သူတော့ ဒီစာရင်းထဲ ထည့်သွင်းပြောကြားခြင်းမ ရှိခဲ့ပါဘူး။

play
play

 

" ကျွန်တော်ကိုယ်တိုင်လည်း တစ်နေ့မှာ ဘလွန်းဒီအော်ဆုကို လိုချင်ပါတယ်။ တစ်နေ့မှာ ရော်နယ်ဒိုနဲ့ မက်ဆီအနားယူသွားတဲ့အခါ နောက်ထပ် ပြိုင်ဘက်တွေ ပေါ်လာကြဦးမှာပါ။ နေမာ၊ ဒီဘာလာ၊ ဂရိဇ်မန်း တို့လို ကစားသမားတွေပေါ့။ ဘယ်သူမှတော့ အတိအကျ မသိနိုင်ဘူးလေ။ ကျွန်တော်တို့ စောင့်ကည့်ရမှာပဲ" လို့ ဟာဇက်က ပြောပါတယ်။ ဟာဇက်က ချယ်လ်ဆီးနဲ့အတူ ပူပူနွေးနွေး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ထားတဲ့ ကစားသမားပါ။

play
play

 

ဒါပေမယ့်လည်း နောက်တစ်ချိန်ကမ္ဘာ့အကောင်းဆုံးကစားသမား ဘယ်သူဖြစ်လာမလဲဆိုတဲ့ ကိစ္စကို မိမိအများကြီးမစဉ်းစားဘူးလို့ ဟာဇက်ကပြောပါတယ်။ ဘလွန်းဒီအော်ဆုကို မိမိကိုယ်တိုင်လိုချင်ပေမယ် မရလည်း ပြဿနတော့ သိပ်မရှိဘူးလို့ ထပ်ပြောခဲ့ပါသေးတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ