EPL: ဝှိုက်ဟက်လိန်း နောက်ဆုံးပွဲစဉ်မှာ မန်ယူကို အနိုင်ယူပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့ စပါး

မန်ယူကတော့ အဆင့်-၄ အတွင်းမဝင်ဖို့ သေချာသွားပြီဖြစ်ပါတယ်။

စပါးအသင်း အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရတဲ့ မန်ယူအသင်းဟာ ရှုံးပွဲကြုံတွေ့သွားခဲ့ရပြန်တယ်။ ဒီပွဲအရှုံးကြောင့် မန်ယူအသင်း အဆင့်-၄ အတွင်းမဝင်ဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။

 

စပါးအသင်းအတွက်တော့ သူတို့ရဲ့ အိမ်ကွင်းဝှိုက်ဟက်လိန်းမှာ နောက်ဆုံးကစားခဲ့ရတဲ့ ကွင်းဖြစ်ပြီး ဒီပွဲမှာ အနိုင်ရအောင် ကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းက ဒီနေ့ပွဲစဉ်မှာ ပေါ့ဂ်ဘာ မပါဝင်ခဲ့ပေမယ့် လင်ဂတ်၊ မာရှယ်၊ မာတာ၊ ရွန်နေးတို့ရဲ့ တိုက်စစ်နဲ့ ပွဲထွက်ခဲ့ပြီး စပါးအသင်းက အယ်လီ၊ ဆွန်ဟောင်မင်၊ ကိန်းတို့နဲ့ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။

play

 

စပါးအသင်းဟာ မန်ယူအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး ဆယ့်ငါးပွဲမှာ တစ်ပွဲသာ အနိုင်ယူခဲ့ပေမယ့် ဒီတစ်ပွဲကိုတော့ ရလဒ်ကောင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲစပြီး ခြောက်မိနစ်မှာပဲ မန်ယူအသင်းက အိမ်ရှင်စပါးကို အဖွင့်ဂိုး ပေးလိုက်ရပါတယ်။ ဘယ်ခြမ်းကနေ ဒေးဗီးစ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဝမ်ယာမာက ပြင်းထန်အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ သွင်းယူလိုက်တာ ဖြစ်ပါတယ်။

- ဥရောပလိဂ် ဘောလုံးပွဲရလဒ်များ (မေ ၁၃ - ၁၅)

play

 

အဖွင့်ဂိုး ရသွားပေမယ့် စပါးအသင်းက မန်ယူအပေါ်ကို တိုက်စစ်ဆင်မှု မလျှော့ခဲ့ပါဘူး။ မန်ယူကလည်း ၁၈ မိနစ်မှာ ချေပဂိုးရနိုင်လောက်တဲ့ အခွင့်အရေး ခဲ့ပေမယ့် ဂိုးတော့မရခဲ့ပါဘူး။ ၃၆ မိနစ်မှာ အဲရစ်ဆင်ကို အဖျက်ကြမ်းတဲ့အတွက် ရွန်နေး အဝါကတ်ပြခံခဲ့ရပါတယ်။ ဆယ်လ်တာဗီဂိုးအသင်းကို သရေကျခဲ့တုန်းက ပွဲစဉ်မှာ ထွက်ခဲ့တဲ့ လူစာရင်း ကို ရှစ်ဦးလောက်မော်ရင်ဟိုက အပြောင်းအလဲ လုပ်ခဲ့တာဖြစ်ပါတယ်။

play

 

စပါးအသင်းဟာ အိမ်ကွင်းဝှိုက်ဟက်လိန်းမှာ ၁၁၈ နှစ်ကြာအသုံးပြုခဲ့ပြီးနောက် အခုပွဲက နောက်ဆုံးပွဲစဉ်ဖြစ်ပြီး ကွင်းအသစ်ကို ပြောင်းလဲ အသုံးပြုတော့မှာဖြစ်ပါတယ်။ မန်ယူအသင်းက လာမယ့်တစ်ပတ် ကြားရက်မှာ ဆောက်သမ်တန်ကို ရင်ဆိုင်ရမှာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ့်အသင်းနဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် ကစားရမှာဖြစ်ပါတယ်။

play

 

ဒုတိယပိုင်း ပြန်စပြီး ၄၈ မိနစ်မှာ စပါးအသင်း ဒုတိယ ဂိုးထပ်ရသွားခဲ့ပါတယ်။ ရလာတဲ့ အလွတ်တည်ကန်ဘောကို အဲရစ်ဆင်က ဂိုးဧရိယာထဲ တင်ပေးရာမှာ ဟယ်ရီကိန်းက ပိတ်သွင်းယူလိုက်တာဖြစ်ပါတယ်။ မန်ယူအသင်းနောက်တန်း အားနည်းမှုဟာ ဒီဂိုးမှာ ပိုပြီး ပိုလွင်သွားခဲ့ပါတယ်။

အဲဒီနောက်မန်ယူအသင်းက လင်ဂတ်နဲ့ ထန်ဇီဘီအစား ဟာရဲးယားနဲ့ မက်ခီတာယန်း ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မန်ယူအသင်းတိုက်စစ် ပိုမိုအားပါလာခဲ့ပြီး ဂိုးရဖို့ အခွင့်အရေးတစ်ချို့ ရလာခဲ့ပါတယ်။ ၇၁ မိနစ်မှာ မန်ယူအသင်း ချေပရဂိုး ရသွားခဲ့ပါတယ်။ ဘယ်ခြမ်းကနေ မာရှယ် ဂိုးဧရိယာထဲ ဆွဲပြေးလာပြီးနောက် ထိုးပေးလိုက်တဲ့ဘောလုံးကို ရွန်းနေးက ပိတ်သွင်းယူလိုက်တာဖြစ်ပါတယ်။

play

 

ဒီနေ့ပွဲအနိုင်ကြောင့် စပါးအသင်းဟာ နှစ်တစ်ရာကျော်သုံးလာတဲ့အိမ်ကွင်းကို လှလှပပ နှုတ်ဆက်ခဲ့ပြီး မန်ယူကတော့ အဆင့်-၄ အတွင်းမဝင်ဖို့ သေချာသွားခဲ့ပါပြီ။

Source : Flashscore

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ