EPL: ရီးရဲလ်အတွက် သွင်းဂိုး ၄၀၀ ပြည့်သွားတဲ့ ရော်နယ်ဒိုကို ဇီဒန်းချီးကျူး

ယမန်နေ့ညက ပွဲမှာ ရော်နယ်ဒို နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက် သွင်းဂိုး ၄၀၀ ပြည့်သွားပြီဖြစ်တဲ့ ရော်နယ်ဒိုကို နည်းပြဇီဒန်းက ချီးကျူးစကား ပြောကြားလိုက်ပါတယ်။

 

ရီးရဲလ်မက်ဒရစ်အသင်းက ယနေ့မနက်အစောပိုင်း ကစားတဲ့ ပွဲစဉ်မှာ ဆီဗီးလ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ရော်နယ်ဒိုက နှစ်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ နှစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် စုစုပေါင်း သွင်းဂိုး ၄၀၁ ဂိုးအထိတောင် ရှိလာခဲ့ပါပြီ။ ဆီဗီးလ်အသင်းနဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုက အသင်းအတွက် ဒုတိယဂိုးနဲ့ တတိယဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

play

 

ဒီပွဲအနိုင်ကြောင့် ရီးရဲလ်မက်ဒရစ်က လာလီဂါအမှတ်ပေးချန်ပီယံဖြစ်ဖို့ အခြေအနေ ကောင်းနေဆဲ ဖြစ်ပြီး လက်ကျန် နှစ်ပွဲမှာ လေးမှတ်ရခဲ့မယ်ဆိုရင် ဘာစီလိုနာကို ကျော်တက်ကာ ဗိုလ်စွဲတော့မှာပါ။ ၂၀၁၂ ခုနှစ်နောက်ပိုင်း ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပထမဆုံး အမှတ်ပေးဖလား ရယူဖို့အတွက် အခြေအနေ ကောင်းနေဆဲ ဖြစ်ပါတယ်။

play

 

"ကျွန်တော်ဘာများ ပြောနိုင်ဦးမှာလဲ။ သူက တကယ်ကို ထူးခြားတဲ့ သူပဲလေ။ အမြဲတမ်း ကွဲပြားနေတဲ့ ကစားသမား တစ်ယောက်။ သူ့ရဲ့စွမ်းဆောင်ရည်ဟာ သွင်းဂိုးတွေဆိုတာထက်ကို ပိုပါတယ်။ အဆုံးအဖြတ် ကာလဆိုရင် သူအမြဲတမ်း အဆင်သင့်ရှိနေတတ်တယ်" လို့ ဇီဒန်းက ရော်နယ်ဒိုကို ချီးကျူးပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က လက်ရှိအချိန်မှာ ဘာစီလိုနာနဲ့ အမှတ်အတူတူ ဖြစ်ပြီး ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာ ရောက်နေပေမဲ့ လက်ကျန်နှစ်ပွဲ ကစားဖို့ ကျန်နေသေးပြီး ဘာစီလိုနာက တစ်ပွဲသာ ကစားဖို့ ကျန်ပါတော့တယ်။

play

 

Source: Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ