EPL: နောက်ရာသီမှာ ချယ်လ်ဆီး ချန်ပီယံဘွဲ့ကာကွယ်ဖို့ ပိုခက်လိမ့်မယ်လို့ အာစင်ဝင်းဂါး သတိပေး

ချယ်လ်ဆီး နောက်ရာသီတော့ မလွယ်ဘူးလို့ အာစင်ဝင်းဂါးက ပြောပါတယ်။

ရာသီမကုန်ခင် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်း နောက်ရာသီမှာ ချန်ပီယံဘွဲ့ ကာကွယ်ဖို့ ခက်လိမ့်မယ်လို့ အာစင်ဝင်ဂါးက သတိပေးလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းက နောက်ရာသီမှာ ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲတွေကိုပါ ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် အာရုံတွေများပြီး ပရီးမီးယားလိဂ်ချန်ပီယံ ဘွဲ့ကို ကာကွယ်ဖို့ ခက်လိမ့်မယ်လို့ အာစင်ဝင်းဂါးက သတိပေးလိုက်ပါတယ်။

 

အာဆင်နယ်အသင်းက လက်ရှိအချိန်မှာ အဆင့်-၅ နေရာမှာသာ ရပ်တည်နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မရေမရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက သုံးနှစ်အတွင်း ဒုတိယမြောက် ပရီးမီးယားလိဂ် ဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။

play

 

ဥရောပ ပြိုင်ပွဲတွေ ချယ်လ်ဆီးလာမယ့်နှစ်မှာ ကစားရတော့မှာ ဖြစ်တဲ့အတွက် ကြားရက်ပွဲစဉ်တွေကိုပါ ကစားရတော့မှာဖြစ်လို့ ဒီနှစ်ရာသီထက် နောက်ရာသီက ပိုပြီးခက်ခဲလိမ့်မယ်လို့ အာစင်ဝင်းဂါးက ပြောတာပါ။ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်တို့လို အသင်းတွေက အင်အားတောင့်တင်းလွန်းတာကြောင့် ပြည်တွင်း ပြိုင်ပွဲတွေမှာ နည်းနည်းလျှော့ကစားရင်တောင် အခက်အခဲမရှိအနိုင်ယူနိုင်ပြီး အဲဒီအချက်ကြောင့်ပဲ ဥရောပပြိုင်ပွဲတွေမှာ အင်အားကောင်းနေတာ ဖြစ်တယ်လို့ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။

play

 

"အခုနောက်ဆုံးနှစ်နှစ်ဆက်တိုက် ချန်ပီယံလိဂ် မကစားရတဲ့ အသင်းတွေချည်း ဗိုလ်စွဲနေတာ တွေ့ရတယ်။ နောက်ရာသီကျတော့ သူတို့အတွက် မတူတော့ဘူးလေ။ စနေ - ဗုဒ္ဓဟူး - စနေ ပွဲစဉ်တွေကို သူတို့ ကစားရတော့မှာပါ။ စပိန်မှာဆိုရင်လည်း ရီးရဲလ်မက်ဒရစ်က ခြေကုန်ထုတ်မကစားရင်တောင် ရမယ်လို့ ကျွန်တော်ထင်တယ်။ ဘိုင်ယန်လည်း အတူတူပါပဲ။ ဂျာမနီမှာ သူတို့လွယ်လွယ်ကူကူ ချန်ပီယံ ဖြစ်နေတာလေ" လို့ အာစင်ဝင်းဂါးက သုံးသပ်ခဲ့ပါတယ်။ မကြာခင် ပရီးမီးယားလိဂ် ဘောလုံးရာသီ ကုန်ဆုံးတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းက ချယ်လ်ဆီးအသင်းထက် အနည်းဆုံး ၁၂ မှတ်အကွာနဲ့ ရပ်တည်ရမှာ ဖြစ်ပါတယ်။

Source: Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ