EPL: အဆင့်-၄ ရဖို့ထက် ဖလားရဖို့သာ အဓိကလို့ မော်ရင်ဟို ပြော

မန်ယူအတွက် ဖလားက ပိုအရေးကြီးတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

ပရီးမီးယားလိဂ်မှာ အဆင့်-၄ အတွင်းမဝင်နိုင်တော့တာ သေချာခဲ့ပြီးနောက် ယူရိုပါလိဂ်ပါပြိုင်ပွဲအပေါ် အာရုံစိုက်စွန့်စားခဲ့မှုအပေါ် နောင်တမရဘူးလို့ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

 

မန်ယူအသင်းအနေနဲ့ အဆင့်-၄ အတွင်းဝင်ဖို့ ကြိုးစားရမှာထက် ဖလားရဖို့ကို ပိုပြီးဆန္ဒရှိတယ်လို့ မော်ရင်ဟိုက စပါးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ပြောပါတယ်။ စပါးအသင်း အိမ်ကွင်းမှာ မန်ယူက ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရာသီအကုန်မှာ အဆင့်-၄ အတွင်းဝင်ဖို့ လက်လျှော့လိုက်ရပါပြီ။ ဒါပေမဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပြိုင်ဘက်အေဂျက်ဇ်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင် နောက်ရာသီချန်ပီယံလိဂ် ဝင်ခွင့်ရဦးမှာ ဖြစ်ပါတယ်။

play

 

စပါးအသင်းကို ရှုံးနိမ့်ပြီးတဲ့နောက် စကိုင်းစပို့တ်ရုပ်သံက အင်တာဗျူးရာမှာ ဒီပရီးမီးယားလိဂ်ပွဲဟာ မိမိတို့ ကစားချင်တဲ့ပွဲမဟုတ်ကြောင်း မော်ရင်ဟိုက အံ့အားသင့်ဖွယ်ရာ ပြောကြားခဲ့ပါသေးတယ်။ ဒီလအတွင်းမှပဲ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားရမှာ ဖြစ်တာကြောင့် လောလောဆယ် ပရီးမီးယားလိဂ်ပွဲတွေကို မန်ယူအသင်း မကစားချင်ဘူးလို့ မော်ရင်ဟိုက ပြောခဲ့မိတာဖြစ်ပါတယ်။ စပါးကို ရှုံးခဲ့ပေမယ့် ကစားသမားတွေရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီးတော့ ကျေနပ်နပ်အားရတယ်လို့လည်း မော်ရင်ဟိုက ဆိုပါတယ်။

play

 

" တခြားအသင်းတွေအတွက် ဘာကအရေးကြီးလဲ။ သူတို့ဘာကို မျှော်လင့်ပြီး ကစားနေလဲတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ကတော့ အဆင့်-၄ အတွင်းဝင်ဖို့ ဆိုတာထက် ဖလားရဖို့ ပိုပြီးလိုချင်တယ်။ မျှော်လင့်ထားသလို လုပ်နိုင်ခဲ့ရင်တော့ အသင်းအတွက် ဝမ်းသာစရာပဲ။ ဗိုလ်လုပွဲမနိုင်ရင် ချန်ပီယံလိဂ် မကစားဘူးဆိုတာ ကျွန်တော်တို့ သိတယ်လေ" လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ ကစားသမားတွေကို အနားပေးပြီး ပွဲထွက်ခဲ့ရတဲ့အတွက်လည်း မိမိတို့မှာ ရွေးချယ်စရာ အခြေအနေမရှိလို့ ဖြစ်တယ်လို့ မော်ရင်ဟိုက ကာကွယ်ပြောကြားခဲ့ပါသေးတယ်။

play

 

မန်ယူအသင်းက လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဆောက်သမ်တန်အသင်းနဲ့ ဗုဒ္ဓဟူးနေ့မှာ ကစားရဦးမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ဒီရာသီနောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်ကို ကစားရမှာပါ။ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားပြီး သုံးရက်အကြာမှာ မန်ယူအသင်းက ယူရိုပါလိဂ် ဗိုလ်လုပွဲကို အေဂျက်ဇ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Source: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ