EPL: အေဘရာမိုဗစ်ခ်ျလက်ထက်မှာ ချယ်လ်ဆီးက မန်ယူထက် ဖလားအောင်မြင်မှု ပိုရ

ချယ်လ်ဆီးအသင်းကို ရုရှားဘီလျံနာ အေဘရာမိုဗစ်ခ်ျ ဝယ်ယူပြီးနောက် သူ့ရဲ့လက်ထက်မှာ ချယ်လ်ဆီးအသင်းက မန်ယူအသင်းထက် ဖလားအောင်မြင်မှု ပိုမိုရရှိလာခဲ့ပါတယ်။

 

အေဘရာမိုဗစ်ခ်ျက လန်ဒန်မြို့ အခြေစိုက် ချယ်လ်ဆီးအသင်းကို ၂၀၀၃ ခုနှစ်မှာ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကို အေဘရာမိုဗစ်ခ်ျ ဝယ်ယူခဲ့ပြီးချိန်က စလို့ လက်ရှိအချိန်ထိ အဓိက ဖလား ၁၄ လုံးပိုင်ဆိုင်ထားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ် ရာသီမကုန်ခင်မှာ အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းဟာ အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျတာဝန်ယူထားတဲ့ ၁၄ နှစ်တာကာလအတွင်း အောင်မြင်မှု အရဆုံး အင်္ဂလိပ်ဘောလုံးကလပ် ဖြစ်လာခဲ့ပါတယ်။

play
ယခုနှစ် ချန်ပီယံ ချယ်လ်ဆီး

 

ချယ်လ်ဆီးကို အေဘရာမိုဗစ်ခ်ျ ဝယ်ယူခဲ့ပြီးနောက် ၁၄ နှစ်အတွင်းမှာ မန်ယူအသင်းက အဓိက ဖလားအောင်မြင်မှု ၁၂ ခုရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မကြာခင်မှာ ကစားရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲ မှာ အနိုင်ရခဲ့မယ်ဆိုရင် မန်ယူအသင်းရရှိတဲ့ ဖလားက ၁၃ လုံးဖြစ်လာနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းကလည်း အာဆင်နယ်အသင်းနဲ့ အက်ဖ်အေဖလား ပွဲစဉ်ကို ကစားရဦးမှာဖြစ်လို့ ၁၄ နှစ်အတွင်း ဖလား ၁၅ လုံးအထိ ရတဲ့အသင်းဖြစ်ဖို့ နီးစပ်လျှက်ရှိပါတယ်။

play
ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာဟီမိုဗစ်ခ်ျ

 

အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျ လက်ထက်မှာ ချယ်လ်ဆီးအသင်းက အောင်မြင်မှုပိုရခဲ့သလို အသုံးစရိတ်မှာလည်း ပိုမိုသုံးစွဲခဲ့ရပါတယ်။ ၁၄ နှစ်အတွင်း ဘောလုံးသမားတွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို လစာပေးချေမှုဟာ စတာလင်ပေါင် ၂.၄ ဘီလျံနီးပါး ရှိတယ်လို့ သတင်းတွေကဆိုပါတယ်။ ကစားသမားအပြောင်းအရွှေ့အတွက် အသားတင်အသုံးစရိတ်မှာတင် ချယ်လ်ဆီးက လက်ရှိအချိန်ထိ စတာလင်ပေါင် ၈၀၆ သန်းသုံးစွဲထားပါတယ်။ အေဘရာမိုဗစ်ခ်ျလက်ထက် နည်းပြတွေကို သက်တမ်းမစေ့ပဲ ရာထူးကထုတ်ခဲ့လို့ ပေးရတဲ့ လျော်ကြေးတွေတင် စတာလင်ပေါင် ၇၁ သန်းအထိ ရှိတယ်လို့ Daily Mail သတင်းမှာ ဖော်ပြပါတယ်။

play
၂၀၁၃ မှာ မန်ယူပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့စဉ်က

 

အေဘရာမိုဗစ်ခ်ျ ချယ်လ်ဆီးအသင်းပိုင်ရှင် ဖြစ်ခဲ့ချိန်ကစလို့ မန်ယူအသင်း ကစားသမားအပြောင်းအရွှေ့အတွက် သုံးခဲ့တဲ့ အသားတင်အသုံးစားရိတ်က စတာလင်ပေါင် ၄၈၆ သန်းသာရှိပါတယ်။ လစာပေးေးချမှုမှာတော့ မန်ယူအသင်းက ၁၄ နှစ်အတွင်း ၂.၁ ဘီလျံအထိ ရှိခဲ့လို့ သိပ်ကွာခြားမှုမရှိပေမယ့် ချယ်လ်ဆီးက သာလွန်နေဆဲ ဖြစ်ပါတယ်။

Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ