AD
AD
AD

ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြီးဆုံးဖို့ တစ်ပတ်အလိုမှာပဲ ချယ်လ်ဆီးက အမှတ်ပေးချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။

 

နည်းပြသစ်ကွန်တီ စတမ်းဖို့ဒ်ဘရစ်ခ်ျကို ရောက်လာတဲ့ ပထမဆုံးနှစ်မှာပဲ အသင်းကို အမှတ်ပေးချန်ပီယံဖြစ်အောင် လုပ်နိုင်ခဲ့ပါပြီိ။ ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရတဲ့ အဓိက အကြောင်းရင်း (၅) ချက်ရှိပါတယ်။

 

၁။ ကန်တေ ရောက်လာခြင်း

play

 

မတူညီတဲ့ အသင်းနှစ်သင်းနဲ့ နှစ်နှစ်ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့သူက ကန်တေပါ။ ကန်တေကို လက်စတာအသင်းထံက ခေါ်ယူရာမှာ ပေါင်သန်း ၃၀ ပေးခဲ့ရပေမယ့် ချယ်လ်ဆီးအတွက် အရှုံးမရှိခဲ့ပါဘူး။ မနှစ်က လက်စတာအသင်းမှာ ကန်တေရှိခဲ့စဉ်ကထက် ဒီနှစ် ချယ်လ်ဆီးမှာ ခြေစွမ်းပိုကောင်းလာအောင် နည်းပြကွန်တီ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကန်တေရဲ့ ကွင်းလယ်မောင်းနှင်အားက ချယ်လ်ဆီးအတွက် အဓိက ကျခဲ့ပါတယ်။

 

၂။ သုံးယောက်ခံစစ် အသုံးဝင်ခဲ့ခြင်း

play

 

နည်းပြကွန်တီက ခံစစ်သုံးဦးထားတဲ့ ကစားကွက်ကို ချယ်လ်ဆီးမှာ အသုံးပြုခဲ့ပါတယ်။ ဖာဘရီဂတ်စ်နေရာမှာ အစားထိုးဖို့ အလွန်ဆိုကို ရာသီအစမှာ ခေါ်ယူခဲ့တာကလည်း ချယ်လ်ဆီးအတွက် အတော်လေး အကျိုးရှိတဲ့ ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။ ၃-၄-၃ ကစားကွက်ကို နည်းပြကွန်တီ ကောင်းကောင်းအသုံးချနိုင်ခဲ့ပြီး ဗစ်တာမော့ဆက်လို တိုက်စစ်ကစားသမားမျိုးကိုတောင် ဟားလ်စီးတီးနဲ့ပွဲတုန်းက ညာတောင်ပံ ခံစစ်မှာ ထားကစားခဲ့ပါသေးတယ်။

 

၃။ မန်စီးတီးကို အနိုင်ရခြင်း

play

 

မန်စီးတီးအသင်းကို အနိုင်ရခဲ့တာကလည်း ချယ်လ်ဆီးအသင်း ချန်ပီယံဖြစ်ဖို့အတွက် ခွန်အားတစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ဒီဇင်ဘာလထဲမှာ မန်စီးတီးအသင်းကို ၃-၁ ဂိုးနဲ့ ချယ်လ်ဆီးကအနိုင်ယူလိုက်တာပါ။ အဲဒီမတိုင်ခင်ကတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ တာထွက်လှခဲ့တဲ့ အသင်းဖြစ်ပါတယ်။

 

၎။ အာဆင်နယ်စံချိန်ကို လိုက်မီခဲ့ခြင်း

play

 

အောက်တိုဘာလကနေ ဇန်နဝါရီလအတွင်းမှာ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ပွဲတွေ ဆက်တိုက်နိုင်ခဲ့ပါတယ်။ တစ်ရာသီတည်းမှာ ၁၃ ပွဲဆက်တိုက် အနိုင်ရခဲ့တာပါ။ ၂၀၀၁-၀၂ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းလည်း ဒီစံချိန်ရခဲ့ဖူးပါတယ်။

 

၅။ ဟာဇက်ကို ဝိတ်ချနိုင်ခဲ့ခြင်း

play

 

ရုတ်တရက်တွေးလိုက်ရင်တော့ ရယ်စရာလို့ ဆိုနိုင်ပါတယ်။ နည်းပြကွန်တီ ချယ်လ်ဆီးကို စရောက်လာတဲ့ အချိန်မှာ ဟာဇက်ကို အသင်းနဲ့ လေ့ကျင့်ခန်းအရင်မဆင်းခိုင်းပဲ ကိုယ်အလေးချိန် ချခိုင်းခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးကစားသမားတွေကို ပီဇာနဲ့ အအေးတွေ သောက်ခြင်းကနေ တားမြစ်ခဲ့ပါသေးတယ်။ ကွန်တီရဲ့ နည်းစနစ်အလုပ်ဖြစ်ခဲ့ပြီး ဟာဇက်ကလည်းဝိတ်ကျသွားခဲ့ကာ အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ှSource : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD