အာဆင်နယ်အသင်းက ယနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ပွဲစဉ်မှာ ဆန်းဒါးလန်းကို အနိုင်ရခဲ့ပေမယ့် ချန်ပီယံလိဂ် ဝင်ဖို့အရေးဟာ လီဗာပူးအသင်းအပေါ် မူတည်နေလျှက်ရှိပါတယ်။

 

လာမယ့်တစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်အသင်း အနိုင်ရခဲ့မယ်ဆိုရင်တောင် လီဗာပူးအသင်းရဲ့ ရလဒ်ကို စောင့်ကြည့်ပြီး ပရီးမီးယားလိဂ်ဝင်ခွင့်ဘယ်သူရမလဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒီကနေ့ ကစားခဲ့တဲ့ ပွဲကျန်နှစ်ပွဲမှာ အာဆင်နယ်အသင်းအပြင် မန်စီးတီးအသင်းလည်း ဝက်စ်ဘရွန်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့်-၃ နေရာနဲ့ ရာသီသိမ်းဖို့ အလားအလာ ကောင်းလျှက်ရှိပါတယ်။

play
ဆန်းဒါးလန်းကို ၂-၀ ဂိုးနဲ့ နိုင်ခဲ့တဲ့ အာဆင်နယ်

 

အာဆင်နယ်အသင်းက နောက်ဆုံးပွဲစဉ်မှာ အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး လီဗာပူးအသင်းကတော့ တန်းဆင်းသွားရပြီဖြစ်တဲ့ မစ်ဒယ်ဘရော့အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစပါတယ်။ အဆင့်-၃ နေရာမှာ ရှိနေတဲ့ မန်စီးတီးအသင်းက ဝက်ဖို့ဒ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက သရေတစ်မှတ်ရရုံနဲ့ အနည်းဆုံး ချန်ပီယံလိဂ် ခြေစစ်ပွဲ ဝင်ဖို့ သေချာသလောက် ရှိနေပါတယ်။

play

 

ယနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းက ဆန်းဒါးလန်းအသင်းကို ဆန်းချက်ဇ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပရီးမယားလိဂ်ဆုံးပွဲစဉ်မှာ အာဆင်နယ်အသင်းက မဖြစ်မနေ အနိုင်ကစားမှသာ ချန်ပီယံလိဂ် ဝင်ဖို့ မျှော်လင့်နိုင်မှာပါ။ ဒါပေမယ့် လီဗာပူးအသင်းရော၊ မန်စီးတီးအသင်းပါ အနိုင်ရခဲ့မယ်ဆိုရင် အာဆင်နယ်အသင်း ယူရိုပါလိဂ်သာ ဝင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

play
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးပွဲ အနိုင်ကစားရမယ့် လီဗာပူး

 

ထူးခြားချက်ကတော့ အာဆင်နယ်အသင်းဟာ ဆန်းဒါးလန်းနဲ့ ပွဲစဉ်မှာ ပြိုင်ဘက်ဂိုးပေါက်ကို ၃၆ ကြိမ်တိတိ ဂိုးပေါက် ကန်သွင်းယူခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ၁၃ နှစ်တာ ကာလအတွင်း အာဆင်နယ်အသင်းအနေနဲ့ ပြိုင်ဘက်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်မှု အကြိမ်ရေ အများဆုံးပွဲအဖြစ် မှတ်တမ်း ပြန်ဝင်ခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video