ချယ်လ်ဆီးအသင်း ချန်ပီယံ ဖြစ်သွားတဲ့ ဒီနှစ်ပရီးမီးယားလိဂ် ရာသီအတွက် အကောင်းဆုံး ကစားသမား ၁၁ ဦးကို Goal.com သတင်းဌာနက ရွေးချယ်ပေး ထားပါတယ်။ ချန်ပီယံ ဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်း ကစားသမား အများစု အကောင်းဆုံး ကစားသမား စာရင်းထဲမှာ ပါဝင်လျှက်ရှိပါတယ်။

 

၁။ တွမ်ဟီတန် (ဘန်လေ)

ဂိုးသမား တွမ်ဟီတန်က ဘန်လေတန်းမဆင်းရအောင် အဓိက စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ တစ်ရာသီလုံးမှာ အသင်းအတွက် ဂိုးပေါက်ကာကွယ်မှု ၁၃၇ ကြိမ်ထက်မနည်း စွမ်းဆောင်ခဲ့ပြီး ၃၄ ပွဲမှာ ဆယ်ပွဲပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့သူပါ။

 

၂။ ဒေးဗစ်လုဇ် (ချယ်လ်ဆီး)

play

 

ချယ်လ်ဆီးအသင်းကို နွေရာသီမှာ ပြန်ရောက်လာတဲ့ ကစားသမားဖြစ်ပြီး အသင်းရဲ့ သုံးယောက်ခံစစ်ကစားကွက်မှာ အဓိက ကျခဲ့တဲ့ နောက်ခံ ကစားသမား ဖြစ်ပါတယ်။ လိဂ်ပွဲ ၃၂ ပွဲမှာ ချယ်လ်ဆီးက ၂၅ ဂိုးပေးခဲ့ရပြီး ဒေးဗစ်လုဇ် ပွဲထွက်ခဲ့တဲ့ ပွဲတိုင်းမှာ အသင်းက ၂.၄၁ မှတ် ရရှိခဲ့ပါတယ်။

 

၃။ ဗာတွန်ဂန် (စပါး)

စပါးအသင်း ဒုတိယနေရာ ရပ်တည်ပြီး ချယ်လ်ဆီးကို ဖိအားပေးခဲ့ရာမှာ ဗာတွန်ဂန်လည်း အဓိက ကျခဲ့ပါတယ်။ ဒီရာသီတစ်လျှောက်လုံး ပြိုင်ဘက်ကစားသမားတွေဆီက တိုက်စစ်ဆင်လာတဲ့ဘောလုံးကို ဖျက်ထုတ်ဟန့်တားရာမှာ ဗာတွန်ဂန်က ၇၄ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်နောက်ခံလူတွေထဲ  အကောင်းဆုံး ရလဒ်ဖြစ်ပါတယ်။

 

၎။ အက်ဇ်ပီလီကွယ်တာ ( ချယ်လ်ဆီး)

ဒီရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို ကစားခဲ့ရသူတစ်ဦးသာရှိပါတယ်။ အဲဒါ နောက်ခံလူ အက်ဇ်ပီလီကွယ်တာပါ။ ၇၅ ကြိမ်ဖျက်ထုတ်နိုင်ခဲ့ပြီး တစ်ဖက်အသင်းရဲ့ တိုက်စစ်ကို ကြားဖျက်ဟန့်တားနိုင်တာက ၆၈ ကြိမ်ဖြစ်ပါတယ်။

 

၅။ ဗလန်စီယာ (မန်ယူ)

မန်ယူအသင်း ပရီးမီးယားလိဂ်မှာ မအောင်မြင်ခဲ့ပေမယ့် ဗလန်စီယာကိုတော့ အကောင်းဆုံး စာရင်းထဲ ထည့်သွင်းရာမှာပါ။ မော်ရင်ဟိုလက်ထက် ညာနောက်ခံကစားသမားဆိုပေမယ့် တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အသင်းဖော်တွေ ဂိုးသွင်းဂိုး အကြိမ်သ ၃၀ လောက်ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။

၆။ ကန်တေ (ချယ်လ်ဆီး)

play

 

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ဖို့တောင် နီးစပ်ခဲ့သူပါ။ မနှစ်ကလည်း လက်စတာအတွက် ကွင်းလယ်အဓိက ကစားသမား ဖြစ်ခဲ့သလို ဒီရာသီလည်း ပိုကောင်းတဲ့ ခြေစွမ်းနဲ့ ချယ်လ်ဆီးကွင်းလယ်ကို တာဝန်ယူခဲ့တာဖြစ်ပါတယ်။

 

၇။ အယ်လီ ( စပါး )

play

 

စပါးအသင်းက ထွန်းတောက်လာတဲ့ လူငယ်ကစားသမားဖြစ်ပြီး အသင်းဖော်တွေအတွက် ဂိုးသွင်းဖို့ အခွင့်အရေး ၄၈ ကြိမ်အထိ ဖန်တီးနိုင်ခဲ့ပါတယ်။ ကိုယ်တိုင် ဂိုးတွေသွင်းနိုင်ခဲ့တဲ့ အပြင် ပျက်သွားတဲ့ဘောလုံးကို ပြန်လိုက်ဆယ်ရာမှာ ၁၅၃ ကြိမ်အောင်မြင်ခဲ့ပါတယ်။

 

၈။ အလွန်ဆို (ချယ်လ်ဆီး)

ချယ်လ်ဆီးအတွက် အကျိုးအရှိဆုံးထဲက တစ်ခုဆိုရင် အလွန်ဆိုကို ခေါ်နိုင်ခဲ့တာပါပဲ။ ဘော်လ်တန်ကစားသမားဟောင်း ဖြစ်ပြီး သူ့ကို ဒီလောက်မမျှော်လင့်ခဲ့ကြပါဘူး။ အလွန်ဆို ပါတဲ့ပွဲဆိုရင် ချယ်လ်ဆီးက ၈၃ ရာနှုန်းအထိ နိုင်ပွဲရပါတယ်။

 

၉။ ကော်တင်ဟို (လီဗာပူး)

လီဗာပူးက ချန်ပီယံလိဂ် ပြန်ဝင်ခွင့်ရဖို့ နီးစပ်နေပါပြီ။ အသင်းအတွက် ကော်တင်ဟိုက ၁၂ ပွဲသွင်းယူနိုင်ခဲ့တာပါ။

၁၀။ ဟာဇက် ( ချယ်လ်ဆီး )

အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး ၁၅ ဂိုးသွင်းယူနိုင်ခဲ့တာ ဟာဇက်ဖြစ်ပါတယ်။ ပိုပြီး ချီးကျူးရမှာက ဟာဇက်ရဲ့ အလိမ်အခေါက်တွေပါပဲ။ ဒီရာသီမှာ ဟာဇက်က ချယ်လ်ဆီးအတွက် ပြိုင်ဘက်ကစားသမားကိ လိမ်ခေါက် ကျော်ဖြတ်မှု အကြိမ်ရေ ၁၀၀ ကျော်လုပ်နိုင်ခဲ့သူဖြစ်ပါတယ်။

 

၁၁။ ဆန်းချက်ဇ် ( အာဆင်နယ်)

play

 

ဆန်းချက်ဇ်က အာဆင်နယ်အတွက် ၂၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် စုစုပေါင်း ဆယ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အမှတ်ပေးပြိုင်ပွဲတွေမှာ ဆန်းချက်ဇ် ဂိုးအများဆုံး သွင်းနိုင်တဲ့ ရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါကြောင့် အကောင်းဆုံး တိုက်စစ်ကစားသမားအဖြစ် ဆန်းချက်ဇ်ကို ရွေးချယ်ခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video