မန်ယူအသင်း တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲကို ယမန်နေ့ညက ကျင်းပခဲ့ပြီးနောက် ဟာရဲယားက တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျကို ကျော်ဖြတ်ကာ အကောင်းဆုံးကစားသမားဆု ရရှိသွားခဲ့ပါတယ်။

 

မန်ယူအသင်းတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဟာရဲယား ရရှိသွားပြီနောက် ဒီဆုကို လေးနှစ်ဆက်တိုက် စပိန်ကစားသမားတွေချည်း ရရှိတဲ့စံချိန်လည်း ဝင်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ဆက်တိုက်မှာ အကောင်းဆုံးကစာသမားဆုကို ဂိုးသမား ဒီဂီယာကသာ ရရှိခဲ့တာဖြစ်ပါတယ်။ ဟာာရဲယားဟာ ဘီလ်ဘာအိုအသင်းကနေ ပေါင် ၂၈ သန်းနဲ့ ၂၀၁၄ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး  နည်းပြဗန်ဟားလ်လက်ထက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။

play
ဟာရဲယားနှင့် ဒီဂီယာ

 

ဒါပေမယ့် မော်ရင်ဟိုလက်ထက်မှာတော့ ဟာရဲယားက ပုံမှန်လူစာရင်းပြန်ဝင်လာခဲ့ပြီး ခြေစွမ်းလည်း ပြလာနိုင်ခဲ့ပါတယ်။ မန်ယူအသင်းဂန္တဝင်နည်းပြဟောင်း ဆာမက်ဘက်စ်ဘီကို ဂုဏ်ပြုကာ ပေးတဲ့ မန်ယူအသင်း တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆာမက်ဘက်စ်ဘီဆုလို့ ခေါ်ပါတယ်။

play

 

" ကျွန်တော်အရမ်းပျော်ပါတယ်။ ဒါဘယ်လောက် အရေးပါလဲဆိုတာ ပြောဖို့တောင်မလိုတော့ပါဘူး။ ဒီဂီယာကို ကျွန်တော်ရပ်တန့်နိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဆုကတော့ စပိန်သားတွေဆီပဲ ထပ်ပြီးရောက်လာပါတယ်။ အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ဟာရဲယားက ပြောပါတယ်။ နောက်ရာသီအတွက်လည်း အရမ်းကို အရေးပါတဲ့  ယူရိုပါလိဂ်ဗိုလ်လုပွဲကို အနိုင်ယူပြီး အကောင်းဆုံးရာသီအဖြစ် ဖြတ်သန်းကြပါစို့လို့ ဟာရဲယားက ဆုပေးပွဲမှာ ပြောခဲ့ပါတယ်။

play
အကောင်းဆုံး ဂိုးဆုရှင် မက်ခီတာယန်း

 

ဟာရဲယားရဲ့ ဆုကတော့ ပရိသတ်တွေပါဝင်မဲပေးကြတာဖြစ်ပြီး မန်ယူအသင်းသားတွေ ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဗလန်စီယာက ရရှိသွားပါတယ်။ တစ်နှစ်တော အကောင်းဆုံး ဂိုးဆုရှင်ကတော့ မက်ခီတာယန်းဖြစ်ပါတယ်။

Source : Manutd.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video