နည်းပြအာစင်ဝင်းဂါး လက်ထက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ် ဝင်ခွင့်မရတာမျိုး မဖြစ်ရဖို့အတွက် ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ အာဆင်နယ်ဟာ ကံကြမ္မာရဲ့ဖေးမှု လိုအပ်နေပါပြီ။ ပြိုင်ဘက်အဲဗာတန်ကို အနိုင်ကစားရုံနဲ့ မပြီးဘဲ အာဆင်နယ်ချန်ပီယံလိဂ် ဝင်ဖို့ဆိုရင် မန်စီးတီးနဲ့ လီဗာပူးအသင်းရလဒ်ကိုပါ ကြည့်ရတော့မှာပါ။

 

မန်စီးတီး

play

 

မန်စီးတီးက ဝက်ဒ်ဖို့ဒ်နဲ့ နောက်ဆုံးပွဲစဉ်ကစားရမှာဖြစ်ပြီး အနိုင်ရပြီဆိုတာနဲ့ တတိယနေရာရဖို့ သေချာပါပြီ။ တကယ်လို့ သရေကျမယ်ဆိုရင်တောင် အဆင့်-၄ နေရာရဖို့ မန်စီးတီးသေချာနေပါတယ်။ မန်စီးတီး ရှုံးခဲ့ရင်တောင် အာဆင်နယ်က အနည်းဆုံး ငါးဂိုးပြတ်လောက်နိုင်မှ အာဆင်နယ်ချန်ပီယံလိဂ် ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

 

လီဗာပူး

play

 

လီဗာပူးက အဆင့်-၄ နေရာမှာရှိပြီး မဖြစ်မနေ နိုင်ပွဲလိုပါတယ်။ တကယ်လို့ လီဗာပူးသရေသို့မဟုတ် ရှုံးမယ်ဆိုရင် အာဆင်နယ်နိုင်တာနဲ့ လီဗာပူး ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးရတော့မှာပါ။ မန်စီးတီးက သရေကျပြီး လီဗာပူးက လေးဂိုးပြတ်နိုင်မယ်ဆိုရင် လီဗာပူးက အဆင့်-၃ နေရာရသွားမှာ ဖြစ်ပါတယ်။

 

အာဆင်နယ်

play

 

အာဆင်နယ်ကတော့ ကိုယ်တိုင်လည်းအနိုင်ကစားရမှာဖြစ်သလို မန်စီးတီးနဲ့လီဗာပူးရလဒ်အပေါ်လည်း မူတည်နေပါတယ်။ မန်စီးတီး ရှုံးသွားရင် အာဆင်နယ်လေးဂိုးသို့မဟုတ် ငါးဂိုးပြတ်နဲ့ အဲဗာတန်ကိုအနိုင်ကစားဖို့လိုပြီး လီဗာပူးရှုံးရင်တော့ အဲဗာတန်ကို နိုင်တာနဲ့ အာဆင်နယ်ချန်ပီယံ လိဂ်ဝင်ခွင့်ရပါပြီ။ လီဗာပူး သရေကျမယ်ဆိုရင်လည်း အာဆင်နယ်နိုင်တာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video