AD
AD
AD

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဂိုးသွင်းစံချိန်ကို တစ်နေ့မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း လိုက်မီဖွယ်ရှိတယ်လို့ ချီးကျူးခံနေရပါတယ်။

 

ယနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးအသင်းက လက်စတာကို အဝေးကွင်းမှာ ၁-၆ ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဟယ်ရီကိန်းက လေးဂိုး၊ ဆွန်ဟောင်မင်က နှစ်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ဒီနှစ်ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာ ရင်ဆိုင်ခဲ့ရပေမယ့် အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး ၂၂ ဂိုးအထိရအောင် သွင်းယူနိုင်ခဲ့သူ ဖြစ်လာပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟယ်ရီကိန်းက စပါးအသင်းနဲ့အတူ သုံးရာသီနီးပါး ဖြတ်သန်းပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်း ၇၁ ဂိုးရှိလာခဲ့ပါပြီ။

play
လက်စတာနဲ့ ပွဲမှာ လေးဂိုးသွင်းခဲ့တဲ့ ဟယ်ရီကိန်း (အလယ်)

 

ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲ ငါးခုအတွင်း ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်ချိုးထားတဲ့ ရော်နယ်ဒိုရဲ့ စံချိန်ကို တစ်နေ့မှာ ဟယ်ရီကိန်း လိုက်မီလိမ့်မယ်လို့ ဘောလုံးပွဲသုံးသပ်သူ အာဆင်နယ်ကစားသမားဟောင်း မာတီကီယွန်က မှတ်ချက်ပေးလိုက်တာဖြစ်ပါတယ်။ ရော်နယ်ဒိုက ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာတင် ဂျင်မီဂရေ့ဗ်ရဲ့ စံချိန်ကိုချိုးပြီး ဥရောပမှာ လိဂ်ပြိုင်ပွဲသွင်းဂိုး ၃၆၈ ဂိုး သွင်းတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ စံချိန်ကို ဟယ်ရီကိန်းလိုက်မီနိုင်တယ်ဆိုပေမယ့် မှန်ကန်စွာရွေးချယ်တတ်မှုနဲ့ ကံတရားဖေးမမှုလည်း ပါဝင်ရမှာဖြစ်ကြောင်း မာတီကီယွန်က သုံးသပ်ပါတယ်။

play

 

" စပါးရဲ့ အောင်မြင်မှု ရှာဖွေရာလမ်းကြောင်းမှာ ဟယ်ရီကိန်းက အဓိကနေရာက ပါဝင်ခွင့်ရပြီးတော့ အနည်းဆုံး နောက်ဆယ်နှစ်လောက် ဒီဂိုးသွင်းနှုန်းထိန်းထားမယ်ဆိုရင် ရော်နယ်ဒိုရဲ့ ခြေရာကို နင်းနိုင်ပါလိမ့်မယ်။ ဒဏ်ရာကင်းဖို့လည်း လိုတာပေါ့" လို့ မာတီကီယွန်က သုံးသပ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD