EPL: နောက်ရာသီ အမှားလုံးဝ လုပ်မည်မဟုတ်ဟု မော်ရင်ဟို ပြော

အသင်းသစ်နဲ့ ဒုတိယရာသီကို ဖြတ်သန်းရတာ ပိုကြိုက်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

လာမယ့်ဘောလုံးရာသီသစ်မှာ အမှားလုံးဝ လုပ်မှာ မဟုတ်ဘူးလို့ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။

 

မော်ရင်ဟိုက သူ့အတွက် မန်ယူအသင်းနည်းပြဘဝ ပထမဆုံး ဘောလုံးရာသီမှာ ထင်ထားတာထက်ပိုပြီး ဒုက္ခရောက်ခဲ့တယ်ဆိုတာကိုလည်း ဝန်ခံပြောကြားလိုက်ပါတယ်။ မန်ယူအသင်းကို ရောက်လာမခင်တုန်းက အသင်းရဲ့ အခြေအနေမှန်တွေကို ထုတ်နုတ်ပြီး တွက်ချက်မှု ပြုလုပ်ခဲ့ပေမယ့် တကယ့်အခြေအနေမှန်ကို ကလပ်အသင်းရောက်မှသာ သိရတာဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ ဒီရာသီကို သင်ခန်းစာယူပြီး နောက်ရာသီကို ဖြတ်သန်းမယ်လို့ မော်ရင်ဟိုက ပြောလိုက်တာပါ။

play

 

ပထမဆုံးဘောလုံးရာသီဆိုတာ အမြဲတမ်း ခက်ခဲလေ့ရှိတယ်လို့ လည်းမော်ရင်ဟိုက ပြောပါတယ်။ " ပထမဆုံး ရာသီက အမြဲတမ်းခက်ခဲတယ်လေ ကျွန်တော်က ဒုတိယရာသီကို ကြိုက်တယ်။ ဒုတိယနှစ်ရောက်ပြီဆိုရင် ကျွန်တော်အမှားမလုပ်မိတော့ဘူး" လို့ မော်ရင်ဟိုက Omnisport နဲ့ မေးမြန်းခန်းမှာ ဖြေကြားခဲ့တာပါ။ မန်ယူအသင်းက လက်ရှိဘောလုံးရာသီမှာ လိဂ်ဖလားချန်ပီယံ ဖြစ်ပြီးနောက် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း အနိုင်ရဦးမယ်ဆိုရင် ဖလားနှစ်လုံးရတဲ့အသင်း ဖြစ်လာမှာပါ။

play

 

ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ရလဒ်မကောင်းပဲ အဆင့်-၆ နဲ့ ရာသီသိမ်းရမှာဖြစ်ပါတယ်။ ကစားသမားတွေရဲ့ အခြေအနေကိုလည်း ဒီအတိုင်းဆိုရင် သိနိုင်ဖို့ခက်ကြောင်း မော်ရင်ဟိုက ပြောပါသေးတယ်။ " ကစားသမားတွေ အကြောင်း ခင်ဗျားသိတယ်လို့ ထင်ရတယ်။ တကယ်တမ်းကျတော့ သူတို့အကောင်းဆုံးအခြေအနေ ဒါမှမဟုတ် အဆိုးဆုံးအခြေအနေရောက်မှ သူတို့အခြေအနေကို ပိုပြီးသိရတာလေ"လို့ မော်ရင်ဟိုက ဆိုပါတယ်။

play

 

ဂန္တဝင်နည်းပြဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း မန်ယူအသင်း ဖလားအောင်မြင်မှု ရပ်တန့်သွားရတဲ့အပေါ်မှာလည်း မိမိအမြဲစဉ်းစား မေးခွန်းထုတ်နေခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ယနေ့ခေတ်မှာ ဘောလုံးကလပ်အသင်းတွေရဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေကြောင့် အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာ ဖြစ်နိုင်တယ်လို့ မော်ရင်ဟိုက သုံးသပ်ပါတယ်။

Source : Sport Bible

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ