မန်ယူအသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာတွေ့ဆုံရမယ့် အေဂျက်ဇ်အသင်းကို နည်းပြဟောင်းဗန်ဟားလ်က နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

မန်ယူအသင်းအတွက် အက်ဖ်အေဖလား ရယူပေးပြီးနောက် အသင်းက ထုတ်ပယ်ခြင်းခံခဲ့ရတဲ့နည်းပြဗန်ဟားလ်ဟာ ယခုတစ်ပတ်အတွသင်း အေဂျက်ဇ်အသင်းနည်းပြ ပီတာဘော့ဇ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဟော်လန်ဘောလုံးနည်းပြတွေရဲ့ နှစ်ပတ်လည်ဆွေးနွေးရှင်းလင်းပွဲမှာ မန်ယူအသင်းနည်းပြဟောင်း ဗန်ဟားလ်နဲ့ အေဂျက်ဇ်နည်းပြ ဘော့ဇ်တို့ တွေ့ဆုံခဲ့ကြတလို့ သိရပါတယ်။

play

 

လက်ရှိမန်ယူအသင်းနည်းပြ မော်ရင်ဟိုရဲ့ နည်းစနစ်တွေအကြောင်းကို ဗန်ဟားလ်က အသိဆုံးနည်းပြတစ်ဦးဖြစ်တယ်လို့ ပရိသတ်အများစုက ယူဆထားကြပါတယ်။ မော်ရင်ဟိုဟာ အသင်းမန်နေဂျာ မဖြစ်ခင်တုန်းက ထိပ်သီးနည်းပြဗန်ဟားလ်ရဲ့ လက်ထောက်နည်းပြအဖြစ် အလုပ်လုပ်ခဲ့ဖူးသူပါ။ မော်ရင်ဟိုအကြောင်းကိုရော မန်ယူအသင်းပုံစုံကိုပါ ဗန်ဟားလ်က သိနေတဲ့အတွက် အေဂျက်နည်းပြဘော့ဇ်က ဗန်ဟားလ်နဲ့ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ရေးသားဖော်ပြပါတယ်။

play

 

မန်ယူနဲ့ အေဂျက်ဇ်အသင်းက လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားကြရမှာ ဖြစ်ပါတယ်။ မန်ယူအသင်းအတွက်တော့ ဒီပွဲက အလွန်အရေးကြီးနေပြီး ယူရိုပါလိဂ်ချန်ပီယံ ဖြစ်ခွင့်ရမှာ ဖြစ်တဲ့အပြင် နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း ချန်ပီယံဖို့ လိုအပ်နေပါတယ်။ အေဂျက်ဇ်အသင်းကတော့ အမှတ်ပေးဇယား ရပ်တည်မှုအရ ချန်ပီယံ လိဂ်ဝင်ဖို့ သေချာသွားပြီဖြစ်တဲ့အတွက် ယူရိုပါလိဂ် ဖလားချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကိုရဖို့သာ တိုက်ပွဲဝင်ရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video