EPL: ပရီးမီးယားလိဂ်တွင် ဆုကြေးပေါင်တစ်ဘီလျံရရှိသည့် ပထမဆုံးအသင်း မန်ယူဖြစ်လာ

မန်ယူအသင်း ရရှိတဲ့ ဆုကြေးပေါင်တစ်ဘီလျံတောင် ရှိလာခဲ့ပါပြီ။

မန်ယူအသင်းက ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းမှာ ဆုကြေးဝင်ငွေသီးသန့် ပေါင် တစ်ဘီလံရရှိတဲ့ အသင်းဖြစ်လာခဲ့ပြီလို့ သိရပါတယ်။

 

နည်းပြမော်ရင်ဟို ပထမဆုံကိုင်တွယ်ခဲ့တဲ့ ဘောလုံးရာသီမှာမန်ယူအသင်းက အမှတ်ပေးဇယား အဆင့်-၆ နဲ့သာ ရာသီသိမ်းရတော့မှာ ဖြစ်ပေမယ့် ဆုကြေးရရှိမှုအပိုင်းမှာတော့ အင်္ဂလိပ်ပရီးမီးယားလိဂ်အသင်းတွေထဲ အများဆုံး ဖြစ်နေဆဲပါ။ အင်္ဂလန်အဆင့်မြင့်တန်း ပြိုင်ပွဲကို ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲလိုက်ချိန်ကစပြီးမန်ယူအသင်းက အမှတ်ပေးချန်ပီယံ ၁၃ ကြိမ်ဖြစ်ခဲ့ကာ စုစုပေါင်း အမှတ်ပေးဖလား အကြိမ် ၂၀ ရရှိခဲ့ပြီးပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီအပြီးမှာ မန်ယူအသင်း ချန်ပီယံလိဂ် မဝင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ရရှိတဲ့ဆုကြေးငွေပမာဏဟာ စုစုပေါင်း ပေါင်သန်း ၈၇၀ ဖြစ်လာခဲ့ပါတယ်။

play

 

အခုဘောလုံးရာသီမှာ မန်ယူအသင်းက အဆင့်-၆ နဲ့ရာသီသိမ်းဖို့ သေချာသွားပြီဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ပေါင် ၁၄၄ သန်းရရှိမှာပါ။ ဒီနှစ်ရရှိမယ့်ဆုကြေးပမာဏကိုပါ ထည့်သွင်းတွက်ချက်လိုက်မယ်ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် မန်ယူအသင်းရတဲ့ ဆုကြေးငွေပမာဏက ပေါင် ၁.၀၁၄ ဘီလျံ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဆုကြေးဘီလျံချီပြီးရရှိတဲ့ ပထမဆုံးအင်္ဂလန်အသင်းအဖြစ် မန်ယူဖြစ်လာပြီးတဲ့အခါ အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးအသင်းတို့လည်း နောက်နှစ်ထဲမှာ စုစုပေါင်း ရတဲ့ ဆုကြေးငွေ စတာလင်ပေါင် တစ်ဘီလျံ ကျော်လွန်တော့မှာ ဖြစ်ပါတယ်။ လက်ရှိဘောလုံးရာသီ ဆုကြေးပမာဏကိုပါ တွက်ချက်ရင် အဆာင်နယ်အသင်းက စတာလင်ပေါင် ၉၈၅ သန်းကျော် ရရှိထားပြီးဖြစ်ပါတယ်။

play
ဆုကြေးအများဆုံးရသည့် အသင်းများစာရင်း

 

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ကလပ်အသင်းတွေကို ပေးချေခဲ့တဲ့ စုစုပေါင်း ဆုကြေးငွေပမာဏဟာ စတာလင်ပေါင် ၁၇.၅ ဘီလျံရှိသွားခဲ့ပြီဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ