EPL: ဘောလုံးသမားတွေ ပြန်ရောင်းနေတဲ့ တန်ဖိုးကြီး ဇိမ်ခံကားများ

ကားအဟောင်းတွေ ရောင်းချပြီး ကားအသစ်ဝယ်ဖို့ စီစဉ်နေကြတာဖြစ်နိုင်ပါတယ်။

ပရီးမီးယားလိဂ် ရာသီသိမ်းချိန်မှာ ဘောလုံးသမားတစ်ချို့က အသင်းသစ်ပြောင်းဖို့ စဉ်းစားကြသလို တစ်ချို့ကတော့ ဇိမ်ခံကားအသစ်လဲလှယ်ဖို့ စဉ်းစားနေကြပါတယ်။

 

မန်ယူအသင်းကွင်းလယ်ကစားသမား မိုက်ကယ်ကာရစ်ကစလို့ အာဆင်နယ်ကစားသမား ဝဲလ်ကော့အပါအဝင်က စားသမားအချို့ဟာ သူတို့စီးနင်းလို့ ကျေနပ်သွားပြီဖြစ်တဲ့ ဇိမ်ခံကားတွေကို ပြန်ရောင်းဖို့ စာရင်းပေးထားကြပါတယ်။ ရာသီသစ်မှာ ဇိမ်ခံကားအသစ်တွေဝယ်ဖို့ ရှိပြီးသားကားတွေကို ပြန်ရောင်ချနေကြတာပါ။

 

ဝဲလ်ကော့

play

 

ဝဲလ်ကော့က သူ့ရဲ့ပေါင် နှစ်သောင်းခုနှစ်ထောင်ကျော်တန် Audi RS5 အမျိုးအား ကိုရောင်းဖို့ စာရင်းပေးထားပါတယ်။ ကားကအဖြူရောင်လေးပါ။ Sport အမျိုးအစားဖြစ်ပြီး အိတ်ဇောပိုက်တွေ၊ အသံစနစ်တွေကို အလန်းစားပြင်ဆင်ထားတယ်လို့ သိရပါတယ်။

 

မိုက်ကယ်ကာရစ်

play

 

မန်ယူအသင်းကစားသမား မိုက်ကယ်ကာရစ်ကတော့ သူ့ရဲ့ Land Rver Range Rover  ကားကို ရောင်းဖို့ စာရင်းပေးထားပါတယ်။ စတာလင်ပေါင် တစ်သောင်းရှစ်ထောင်ကျော်နဲ့ ရောင်းမှာပါ။ ဒီကားက မော်ဒယ်အသစ်ဆိုရင်တော့ ပေါင်တစ်သိန်းလောက်ကျသင့်မှာ ဖြစ်လို့ မိုက်ကယ်ကာရစ်က လက်ရှိတန်ဖိုးရဲ့ ငါးပုံတစ်ပုံလောက်ဈေးနဲ့လျှော့ရောင်းနေတာဖြစ်ပါတယ်။

 

ဒန်နီအင့်ဂ်

play

 

လီဗာပူးအသင်းမှာ ဒဏ်ရာရနေတဲ့တိုက်စစ်မှူး ဒန်နီအင့်ဂ်က သူ့ရဲ့ Lamborghini အမျိုးအစား ကားကို ပြန်ရောင်းမှာဖြစ်ပါတယ်။ ဒီကားက မိုင်တစ်သောင်းလောက် ခရီးနှင်ထားပြီးပြီဖြစ်ပြီး တန်ဖိုးကတော့ ပေါင် တစ်သိန်းခြောက်သောင်းကျော်ပေးရမှာ ဖြစ်ပါတယ်။

 

အိန်ဂျယ်ရန်ဂျယ်

play

 

ဆွမ်ဆီးအသင်းရဲ့ ညာနောက်ခံကစားသမား ရန်ဂျယ်က သူ့ရဲ့မာစီဒီး အမှတ်တံဆိပ် ကားကို ရောင်းချမှာပါ။ အနွေးဓာတ်ပေးတဲ့ လယ်သာထိုင်ခုံတွေပါဝင်တဲ့ ဒီကားကို လိုချင်ရင်တော့ ပေါင် ရှစ်သောင်ကျော် ပေးရမှာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ