AD
AD
AD

အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ လက်စတာအသင်းလူငယ်ကစားသမား ဂရေးကို လီဗာပူးအသင်း ခေါ်ယူဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။

 

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ လူငယ်ကစားသမား ဂရေးဟာ မနှစ်က ချန်ပီယံ ဖြစ်ခဲ့တဲ့ လက်စတာအသင်းမှာ ပွဲထွက်ဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။ လက်စတာကစားသမား ဂရေးအတွက်လီဗာပူးအသင်းက စတာလင်ပေါင် ၁၂ သန်းလောက်ပေးချေရဖွယ်ရှိနေပါတယ်။ ဂရေးတစ်ယောက် လက်စတာအသင်းထံကနေ အသင်းပြောင်းဖို့ သတင်းထွက်လာပြီးနောက် လီဗာပူးအသင်းအပြင် အဲဗာတန်၊ စပါးအသင်းတို့ကလည်းခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတယ်လို့ သိရပါတယ်။

play

 

အခု ဂရေးကို ခေါ်ယူချင်တဲ့အသင်းတွေထဲ လီဗာပူးအသင်းက ထိပ်ဆုံးကဦးဆောင်နေတာဖြစ်ပါတယ်။ လီဗာပူးအသင်းက ပေါင် ၁၂ သန်းနဲ့ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် လက်စတာအသင်းအနေနဲ့ ဂရေးရဲ့ အပြောင်းအရွှေ့မှာ ပေါင် ရှစ်သန်းခွဲလောက် အမြတ်ထွက်လာမှာ ဖြစ်ပါတယ်။ လက်စာအသင်းက လွန်ခဲ့တဲ့  ၁၈ လတုန်းက ဘာမင်ဂမ်အသင်းထံကနေ ပေါင် ၃.၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

 

အချို့ပွဲတွေမှာ  ဂရေးက လက်စတာအတွက် ပွဲထွက်ခွင့်ရပေမယ့် လူစားဝင်ကစားသမားအနေနဲ့သာ ပွဲထွက်ရတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD