လက်စတာ ၁ - ၆ တော့တင်ဟမ် ပွဲစဉ်မှ ဟယ်ရီကိန်း ဂိုးသွင်းယူမှု


အင်္ဂလန် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်တွေကို ယနေ့ (မေလ ၂၁ ရက်) မြန်မာစံတော်ချိန် ည ၈း၃၀ မှာ တစ်ချိန်တည်း ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ယနေ့ပွဲစဉ်တွေအပြီးမှာ ဘယ်ကစားသမားက ၂၀၁၆-၁၇ ဘောလုံးရာသီ ပရီးမီးယားလိဂ် ဂိုးအသွင်းအများဆုံးအဖြစ် ရွှေဖိနပ်ဆု ဆွတ်ခူးသွားနိုင်မလဲ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ပွဲစဉ် ၃၇ ပွဲ ကစားအပြီး လက်ရှိမှာတော့ တော့တင်ဟမ်အသင်းမှ တိုက်စစ်မှူး ဟယ်ရီကိန်းက စုစုပေါင်းသွင်းဂိုး ၂၆ ဂိုးဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပါတယ်။ ဟယ်ရီကိန်းနဲ့ အနီးကပ်ဆုံး ပြိုင်ဘက်တွေအဖြစ် အဲဗာတန်မှ လူကာကူနဲ့ အာဆင်နယ်တိုက်စစ်မှူး ဆန်ချက်ဇ်တို့က ၂၄ ဂိုးနဲ့ ၂၃ ဂိုးတို့ဖြင့် အသီးသီးရပ်တည်နေပါတယ်။

play


ယနေ့ညပွဲစဉ်တွေမှာ တော့တင်ဟမ်က တန်းဆင်းသွားတဲ့ ဟားလ်စီးတီးနဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာဖြစ်ပြီး ဟယ်ရီကိန်းက ဂိုး ထပ်မံသွင်းနိုင်မလား စောင့်ကြည့်ရမှာပါ။ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားတွေအဖြစ် ဟယ်ရီကိန်းနောက်မှာ အစဉ်လိုက်ရပ်တည်နေတဲ့ လူကာကူနဲ့ ဆန်ချက်ဇ်တို့ဟာ ယနေ့ အာဆင်နယ်နဲ့ အဲဗာတန်ပွဲစဉ်မှာ ဂိုးတွေသွင်းယူနိုင်ဖို့ ကြိုးစားကြအုံးမယ်လို့ မျှော်လင့်ရပါတယ်။

အာဆင်နယ်နဲ့ အဲဗာတန်တို့ပွဲစဉ်မှာ လူကာကူကပဲ ဂိုးထပ်သွင်းနိုင်မလား၊ ဆန်ချက်ဇ်က ဂိုးသွင်းယူနိုင်မလား စိတ်ဝင်စားစရာ စောင်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ယခု ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးက ချန်ပီယံဖြစ်ခဲ့ပြီး ဒုတိယနေရာမှ တော့တင်ဟမ်ကလည်း ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် သေချာခဲ့ပြီ ဖြစ်ပါတယ်။

play


မန်ချက်စတာယူနိုက်တက်က ယူရိုပါလိဂ် တိုက်ရိုက်ဝင်ခွင့် သေချာသွားခဲ့ပါတယ်။ အဲဗာတန်ကတော့ ယူရိုပါလိဂ်ခြေစစ်ပွဲ ကစားခွင့်ရခဲ့ပါတယ်။

အမှတ်ပေးဇယား အဆင့် ၃၊ ၄ နဲ့ ၅ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာစီးတီး၊ လီဗာပူးလ်နဲ့ အာဆင်နယ်တို့အတွက်တော့ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရရန် ယနေ့ညပွဲစဉ်တွေက အဆုံးအဖြတ် ဖြစ်လာမှာပါ။ လက်ရှိမှာ မန်စီးတီး ရမှတ် ၇၅ မှတ်၊ လီဗာပူးလ်က ၇၃ မှတ်နဲ့ အာဆင်နယ်က ၇၂ မှတ် ရရှိထားပါတယ်။ ဟားလ်စီတီး၊ မစ်ဒယ်ဘရော့နဲ့ ဆန်းဒါးလန်း အသင်းတို့က ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရပါတယ်။
Source & Photo: Premier League

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video