AD
AD
AD

၂၀၁၆-၁၇ ပရီးမီးယားလိဂ် ဘောလုံးရာသီ နောက်ဆုံးပွဲမှာ အသင်းကြီးအားလုံး နိုင်ပွဲရခဲ့ပြီးနောက် အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်မရဖို့ သေချာသွားခဲ့ပါပြီ။

လီဗာပူးအသင်းက တန်းဆင်းသွားတဲ့ မစ်ဒယ်ဘရော့အသင်းကို ပထမပိုင်းပြီးခါနီးမှာ  ဝီနာလ်ဒန် သွင်းယူတဲ့ဂိုး၊ ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာ ကော်တင်ဟိုနဲ့ လယ်လာနာတို့က ဆက်တိုက်သွင်းယူသွားခဲ့လို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းက သုံးဂိုးပြတ်နိုင်ပွဲကြောင့် လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ခြေစစ်ပွဲကတဆင့် ဝင်ခွင့်ရတော့မှာဖြစ်ပါတယ်။

- လီဗာပူး ၃ - ၀ မဒ္ဒယ္ဘေရာ့

play
ချန်ပီယံလိဂ်နဲ့ လွဲခဲ့ရပြီဖြစ်တဲ့ အာဆင်နယ်


အာစင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက  အဲဗာတန်နည်းပြ ကိုးလ်မန်းနဲ့တွေ့ရင် ရလဒ်ကောင်းလေ့မရှိပေမယ့် ဒီတစ်ပွဲကိုတော့ သေချာအနိုင်ရအောင် ကစားသွားနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် ပထမပိုင်းမှာပ ဘယ်လာရင် ဆန်းချက်ဇ်တို့က ဦးဆောင်ဂိုးတွေသွင်းပေးခဲ့ပေမယ့် ဒုတိယပိုင်းပြန်စပြီး ၅၈ မိနစ်မှာ အဲဗာတန် အတွက် ချေပဂိုးကို လူကာကူ သွင်းယူပေးနိုင်ခဲ့ပါတယ်။  ဒါပေမယ် ပွဲပြီးခါနီးမှာ အာဆင်နယ်အတွက် တတိယဂိုးကို ရမ်ဆေးကသွင်းယူပေးခဲ့လို့ အာဆင်နယ်အနိုင်ရဖို့ သေချာသွားခဲ့ပါတယ်။

- ဥရောပလိဂ် ဘောလုံးပွဲရလဒ်များ (မေ ၂၀ - ၂၂)

play


အာဆင်နယ်အနိုင်ရခဲ့ပေမယ့်လည်း လီဗာပူးအသင်းရော မန်စီးတီးအသင်းပါ နိုင်ပွဲဆက်ခဲ့တဲ့အတွက် အာဆင်နယ်ဟာ နောက်နှစ်ဘောလုံးရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲကိုသာ ဝင်ခွင့်ရတော့မှာ ဖြစ်ပါတယ။  နည်းပြအာစင်ဝင်းဂါးလက်ထက် ပထမဆုံးအကြိမ်အဖြစ် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ရတာလည်း ဖြစ်ပါတယ်။

- အာဆင်နယ် ၃ - ၁ အဲဗာတန်

play
လီဗာပူးအသင်းအတွက် ဂိုးသွင်းယူနေတဲ့ လယ်လာနာ


ချန်ပီယံဖြစ်ပြီးသားဖြစ်တဲ့ ချယ်လ်ဆီးအသင်းက အိမ်ကွင်းမှာ ဆန်းဒါးလန်းအသင်းကို ၅-၁ ဂိုးနဲ့ ဂိုးမိုးရွာပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းကတော့ အရန်ကစားသမားအများအပြားနဲ့ ပွဲထွက်ခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး အဆင့်-၆ နဲ့ ရာသီသိမ်းခဲ့တာဖြစ်ပါတယ်။ အထူးခြားဆုံးက စပါးအသင်းဖြစ်ပြီး ဟားလ်စီးတီးကို ၇ ဂိုးသွင်းခဲ့ကာ ဟက်ထရစ်သွင်းခဲ့တဲ့ ဟယ်ရီကိန်းက ရွှေဖိနပ်ဆု ရရှိတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD