AD
AD
AD

ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ဟားလ်စီးတီးအသင်းကို ဟက်ထရစ်သွင်းနိုင်ခဲ့တဲ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ရွှေဖိနပ်ဆုကို ရရှိသွားကြောင်း သိရပါတယ်။

 

အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ် နှစ်ပွဲမှာ ၇ ဂိုးသွင်းပြီးနောက် ဂိုးအများဆုံး သွင်းထားတဲ့ လူကာကူကို ကျော်တတ်ကာ ရွှေဖိနပ်ဆု ရရှိခဲ့တာပါ။ ဒီနေ့နောက်ဆုံးပွဲစဉ်မှာ စပါးအသင်းက ရှုံးရှုံးနိုင်နိုင် အဆင့်-၂ နေရာသေချာပြီးသား ဖြစ်ပေမယ့်လည်း ဟားလ်စီးတီးအသင်းကို ၇-၁ ဂိုးနဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ ဟားလ်စီးတီးအသင်းဘက်ကို ဟယ်ရီကိန်းက ဟက်ထရစ်သွင်းခဲ့တာပါ။

play

 

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း စပါးအသင်းက လက်စတာအသင်းက ၁-၆ ဂိုးနဲ့ အနိုင်ရခဲ့ပါသေးတယ်။ အဲဒီပွဲစဉ်မှာ ဟယ်ရီကိန်းက လေးဂိုးသွင်းယူနိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ပြီးဆုံးပြီးနောက်မှာ ဟယ်ရီကိန်းက သွင်းဂိုး ၂၉ ဂိုးရှိခဲ့ပြီး အဲဗာတန်တိုက်စစ်မှူး လူကာကူက သွင်းဂိုး ၂၅ ဂိုးရှိခဲ့ပါတယ်။ မန်ယူနဲ့ အာဆင်နယ်အသင်းတိုက်စစ်မှူးဟောင်း ဗန်ပါစီပြီးရင် ဟယ်ရီကိန်းက ပရီးမီးယားလိဂ်မှာ နှစ်နှစ်ဆက်တိုက် ရွှေဖိနပ်ဆုယူနိုင်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

- ဥရောပလိဂ် ဘောလုံးပွဲရလဒ်များ (မေ ၂၀ - ၂၂)

play

 

ပရီးမီးယားလိဂ်ဆိုပြီး ပြိုင်ပွဲကို အမည်ပြောင်းလဲ ကျင်းပခဲ့စဉ်ကတည်းက ဒီပြိုင်ပွဲမှာ နှစ်နှစ်ဆက်တိုက် ရွှေဖိနပ်ဆု ရဖူးတဲ့ ကစားသမားခြောက်ဦးသာရှိခဲ့တာပါ။ အလန်ရှီးယား၊ မိုက်ကယ်အိုဝင်၊ ဟက်ဆယ်ဘိန့်ခ်၊ အွန်နရီ၊ ဒရော့ဘာနဲ့ ဗန်ပါစီတို့ဖြစ်ပြီး ဟယ်ရီကိန်းက ခုနှစ်ဦးမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဟယ်ရီကိန်းက ဒဏ်ရာကြောင့် ရှစ်ပွဲလောက် မကစားခဲ့ရပေမယ့်လည်း ဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့တာပါ။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD